အပိုင်း(၄၀)

1.4K 130 15
                                    

.............သစ္စာဖြင့်ဖန်တီးသော..............
real bl  story ............အပိုင်း(၄၀)........

သကြ်န်အကြိုမတိုင်မှီတစ်ရက်......

စစ်ကိုင်းတောင်မှာ တရားစခန်းသွားဝင်မည့် အူးအတွက် လိုအပ်မယ့်ပစ္စည်းတွေ ဝိုင်းထည့်ပေးနေရသည်။
တစ်ကိုယ်ရည်သုံး ပစ္စည်းလေးတွေတော့ စုံနေပြီ။
ဆေးတွေရော ထည့်ရဲ့လားမသိ။

"အူး.... သောက်နေကျဆေးတွေပါပြီလား.... ''

"အေး... ဘေးအိတ်ထဲထည့်လိုက်တယ်လေ... အကုန်ပါတယ်....''

"နှလုံးဆေးရော် ပါလား...''

"ကိုင်းဗျာ.......''

ရှိုင်းမေးလိုက်မှ အဖိုးကြီးလေးက အာမေဋိတ်သံပြုရင်း သူ့နှဖူးသူ လက်ဖြင့်ရိုက်လေသည်။
ဒီလူကြီး မေ့ပြန်ပြီနေမှာ....။

"မထည့်ရသေးတာလား....''

"မဟုတ်ဘူး... ကုန်သွားတာကွ.. ငါပြန်မဝယ်ရသေးတာ.... ရတယ် အိမ်ကထွက်ရင်းနဲ့မှ ဝယ်လိုက်မယ်...''

"ဟာ... အဲ့လိုပေါ့ပေါ့ဆဆမနေနဲ့လေဗျာ.. အူးကလဲ.. ဒီဆေးကအမြဲသောက်နေရမယ့်ဟာ... ဆေးပြတ်သွားတဲ့အချိန် ဟိုတစ်ခါကလို ဖြစ်နေရင် ဘယ်လိုလုပ်မလဲ... သားလဲဘေးနားမှာရှိမနေနိုင်ဘူးလေ...''

ဒီလူကြီးကို အာ့တွေစိတ်မချတာ။
ဟိုတစ်ခါလဲ ကားမောင်းနေရင်း နှလုံးအမောဖောက်လာတာ။
ဘေးမှာရှိုင်းပါနေလို့ တော်သေးတယ်။
ဆေးဆေးဆိုတော့ ကုန်သွားတာ ပြန်မဝယ်ရသေး လို့မသောက်ရသေးဘူးတဲ့။
အခန့်မသင့်ရင် အသက်အန္တရာယ်ရှိနိုင်တာမျိုးမို့ ရှိုင်းကဘဲ လိုက်ပြီးဂရုစိုက်ပေးနေရသည်။
အခုလဲ ဆေးကုန်နေတာကို ရှိုင်းပြောမှသတိရသွားသည်ထင်သည်။

"စိတ်ချပါကွာ.... ငါဒီကထွက်တာနဲ့ ဝင်ဝယ်သွားမယ် ဟုတ်ပြီလား.. မင်းအနားမှာမရှိတဲ့အချိန် ငါဘာမှမဖြစ်စေရဘူး.. ဖြစ်ချင်းဖြစ်ရင် မင်းလက်ပေါ်မှာဘဲ ဖြစ်မယ် ok''

စိတ်ပူလို့ပြောနေတဲ့ရှိုင်းကို အူးက မျက်စိတစ်ဖက်မှိတ်ပြရင်း ပြောင်ချော်ချော် ပြန်ဖြေလာသည်။
စိတ်မချပါဘူး ဒီလူကြီးကို။

"အေး... ပြောင်နေပြောင်နေ.. သားကစိတ်ပူလို့ပြောနေတာကို.. တော်ကြာစောစောစီးစီး ကြွသွားမှ သား မုဆိုးဖိုဖြစ်နေမယ်ဗျ.. ဟွန်း''

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now