သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၇)

2K 250 53
                                    

...................သစ္စာဖြင့်ဖန်တီးသော...............real bl  fic
.................................အပိုင်း(၁၇).........................

အသိစိတ်တို့ ပြန်ဝင်လာသည်နှင့် ဖြတ်ခနဲ သတိရလိုက်သည်က ''အဖြူလေး..''။ မျက်စိနှစ်ဖက်ကို အားယူပြီး ဖွင့်လိုက်သည်။
မျက်နှာကြက်အဖြူရောင်ကို မြင်လိုက်ရပြီး နှာခေါင်းထဲ စူးဝင်နေသည့် ဆေးအနံ့တွေကြောင့် ဆေးရုံမှာမှန်း သတိထားမိသည်။

အား...နာလိုက်တာ။ လှုပ်ရှားမှုကြောင့် ညာဘက်ပုခုံးဆီမှ စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။ ဘယ်ဘက်လက်တစ်ဖက်က လှုပ်လို့မရ...။ ဘုရား..ဘုရား... လက်တွေဘာတွေများ ဖြတ်လိုက်ရလို့... မရှိတော့လို့.. လှုပ်မရတာများလား။

ဇွဲ ကအရေးမကြီးပါဘူးလေ။ အဖြူလေးဘာဖြစ်သွားပြီလဲမသိဘူး။ မပြောကောင်းမဆိုကောင်း တစ်ခုခုများဖြစ်သွားပြီလား။ ဟင်အင်း... မဟုတ်ဘူး... မဖြစ်ရပါဘူး.... ဇွဲအတွက် ဘုရားပေးထားတဲ့ဆုဘဲကွာ..။ ဒီလိုလွယ်လွယ်ဖြစ်စရာလား။

အဖြူကောင်အကြောင်းတွေးနေရင်း ......
လှုပ်မရသည့် ဘယ်ဘက်လက်ဆီကိုအသာ ငဲ့ကြည့်လိုက်သည်။

အော်.... ကောင်းလေစွ...။
ကြည့်ပါအုံး.....။ ဇွဲရဲ့ လက်ကို အကျအနဖိပြီး ခေါင်းခုအိပ်နေသော အဖြူကောင်....။ဘယ်အချိန် ကတည်းက ဖိအိပ်နေမှန်းမသိ။ ဒါကြောင့် လက်ကလှုပ်မရတာကိုး။

ဇွဲကို စောင့်နေရင်း အိပ်ပျော်နေတာထင်သည်။ လက်ကို ခေါင်းခု ပါးစပ်ကလေးဟပြီး အိပ်နေပုံက ပီဘိကလေးတစ်ယောက်လို။
အတော် အားကိုရသော လူနာစောင့်ပါဗျာ။ ကိုယ်အသက်ထွက်သွားရင်တောင် ဒင်းသိလိုက်မှာမဟုတ်ဘူး။ ဇွဲ ကိုစိတ်မှ ပူနေရဲ့လားမသိ။

ဘာဘဲဖြစ်ဖြစ်ပါ။ သူဘာမှမဖြစ်တာသိရတော့ ရင်ထဲက အပူမီးတွေ ငြိမ်းသွားသလိုပါဘဲ။

မဟုတ်သေးပါဘူး။ ဒေါ်သီတာဖုန်းဆက်တုန်းက သွေးတွေရဲနေတာဘဲဆို။ မဟုတ်မှလွဲရော အဲ့ဒီနေ့က ဒီအုပ်စု တစ်ခုခုကြံစည်ကြပြန်ပီနေမှာ။ ဟိုကောင် ဇာတ်ဆရာ ဒါရိုက်တာကြီး ပြည့်စုံ လက်ချက်မှဟုတ်ရဲ့လားမသိ။

ဇွဲမှာတော့ စိတ်တွေပူပြီး ပြာယာခတ်ကုန်တာ။ ကံကောင်းလို့မသေတာ။ ဒီအဖြူကောင်လဲ အလိုတူအလိုပါဘဲနေမှာ။ တွေ့အုံးမယ်။ သူများမြှောက်ပေးတိုင်း ဂွေးတက်အောင်ကတဲ့ကောင်။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now