အပိုင်း(၆၁)

1.2K 152 417
                                    

...........သစ္စာဖြင့်ဖန်တီးသော..............
real bl  story ............အပိုင်း(၆၁).......

၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်၊ ပြည်ထောင်စု/တိုင်းဒေသကြီးရန်ပုံငွေမှ တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား အပြီးသတ် အတည်ပြုနိုင်ဖို့အတွက် ဒီတစ်ပါတ်လုံးအလုပ်တွေရှုပ်နေရပါသည်။

ဇွဲတို့ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနဟာ ပြောင်းလဲလာတဲ့စနစ်နဲ့အညီ တည်ဆောက်ရေးလုပ်ငန်းများကို ဌာနအနေနဲ့ ကိုယ်တိုင်မလုပ်ဆောင်တော့ဘဲ ကန်ထရိုက်စနစ်(တင်ဒါ) စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်ခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လက်ထက်မှာ နိုင်ငံတော်သမ္မတရုံး၏ တည်ဆောက်ရေးလုပ်ငန်းများဆိုင်ရာ တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်(၁/၂၀၁၇)ကို ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါလမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။

တင်ဒါစနစ်ဆိုတာက တကယ်အမှန်အကန်ကျင့်သုံးနိုင်တဲ့အခါ နိုင်ငံတော်နဲ့ ပြည်သူအတွက်တော့ တော်တော်လေး အကျိုးရှိတာပါ။

လမ်း တစ်မိုင် ခင်းမယ်ဆိုကြပါစို့။
ပထမ အဆင့်အနေနဲ့ ဇွဲတို့လို ဒီဇိုင်းအင်ဂျင်နီယာတွေက သတ်မှတ်ခံနိုင်ရည်ရရှိနိုင်မယ့် ဒီဇိုင်းပုံထုတ်ရပါသည်။

ဒုတိယ အနေနဲ့ ရလာတဲ့ သတ်မှတ်ဒီဇိုင်းအတိုင်း တည်ဆောက်ရာမှာ ဘယ်လောက်ကုန်ကျမလဲဆိုသည့် ခန့်မှန်းတွက်ချက်မှု(Estimate) တွက်ကြရသည်။

လမ်းတစ်မိုင်ကို ခန့်မှန်း သိန်းတစ်ထောင်ကုန်မယ်လို့ အဖြေထွက်လာပြီးတဲ့အခါ ဇွဲတို့ဌာနက တင်ဒါစခေါ်ပါတော့သည်။

ဒီလမ်းတစ်မိုင်ခင်းမယ်။
ဘယ်ကုမ္ပဏီက အနဲဆုံးစျေးနဲ့ လုပ်နိုင်မလဲဆိုတာကို သူတို့ရဲ့ ကုမ္ပဏီကျွမ်းကျင်မှုတွေ၊ အရည်အသွေးအာမခံမှုတွေ စတာတွေနဲ့ စျေးပြိုင် လျောက်ထားကြတာပါ။

ဒီလိုလျောက်ထားလာတဲ့ ကုမ္ပဏီတွေထဲကမှ စျေးအနဲဆုံးလည်းဖြစ်ရမယ်၊ ကုမ္ပဏီအရည်အသွေး အပြည့်အဝအာမခံနိုင်တဲ့ ကုမ္ပဏီလည်း ဖြစ်ရမယ် ဒီလိုကုမ္ပဏီမျိုးကို ရွေးချယ်ပြီး လုပ်ကိုင်ခွင့်ပြုတာပါ။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now