အပိုင်း(၆၃)

1.3K 148 230
                                    

...........သစ္စာဖြင့်ဖန်တီးသော..............
real bl  story ............အပိုင်း(၆၃).......

ရှိုင်းတို့နဲ့ရော ကိုပြည့်စုံတို့နဲ့ပါ ရင်းနှီးခင်မင်ရသည့် ဌာနဆိုင်ရာ အရာရှိတစ်ယောက်၏ မဂ်လာဆောင်အထိမ်းအမှတ်အဖြစ် ယောကျာ်းလေးများအတွက် ညဘက် သောက်ဝိုင်းစားဝိုင်း စီစဥ်ပေးသည့်နေရာသို့ ရောက်နေပါသည်။

မနက်ပိုင်းမဂ်လာဆောင်က ရှိုင်းတို့ဂျူတီချိန်နဲ့တိုက်နေလို့ မသွားဖြစ်ခဲ့တာကြောင့် ညအရက်ဝိုင်းကို မသွားမဖြစ် ရောက်လာခဲ့ရသည်။

အူးကိုတော့ မပြောခဲ့ပါဘူး။
သင်တန်းမှာ စာတွေနဲ့ ပိပြီး ပင်ပန်းနေတဲ့အချိန်မှာ ညဘက်အရက်ဝိုင်းအကြောင်း သတင်းသွားပို့လိုက်လို့ ဘယ်ဖြစ်မလဲ။

ရှိုင်းကို စိတ်မချဖြစ်ပြီး ဖုန်းတဂွမ်ဂွမ်နဲ့ စိတ်တွေရှုပ်နေတော့မှာ။
ဒီတော့ မသိမသာလေး နေလိုက်ရတာပိုကောင်းတယ်မဟုတ်လား။
ပြီးတော့ ကိုပြည့်စုံကြီးလဲပါနေသားဘဲဟာ။

မသောက်ပါဘူး။
ရှိုင်းက အများကြီးလဲမသောက်နိုင်ဘူး။
ဘီယာဆိုလေးဗူး၊ အရက်ဆို သုံးပါတ်လောက်နဲ့ မူးနေတော့တာ။

အခုလဲ ဘီယာနှစ်ဘူးလောက်နဲ့ ရီဝေဝေလေး ဖြစ်နေပြီမို့ အသာငြိမ်နေလိုက်သည်။
အပြန် ဆိုင်ကယ်မောင်းရအုံးမည်မို့ ထပ်မသောက်တော့။

ကိုပြည့်စုံကတော့ တကယ့်အရက်ဂျိုးကြီးကြလို့။
သောက်လိုက်၊ဆိုလိုက်၊ ကလိုက်နဲ့ ပျော်နေတော့တာ။

လက်ကနာရီကိုကြည့်တော့ ည၁၀ နာရီထိုးတော့မည်။
၈နာရီလောက်က အူးနဲ့ဖုန်းပြောဖြစ်ခဲ့သည်။
ဘယ်မှာလဲမေးတော့ VIPလမ်းကြောင်းတွဲလို့ လမ်းဆုံဂိတ်မှာဘဲ ရှိသေးသည်ဟု လိမ်လိုက်သည်။
တကယ်က ဧည့်ခံပွဲရောက်နေတာပါ။

ရှိုင်း ပြန်မှ ဖြစ်မည်။
မနက်ဂျူတီက အစိုးရအိမ်တော်အဝင်ဂိတ်မှာမို့ စောစောထသွားရမည်။

မဂ်လာသတို့သားကို နှုတ်ဆက်ရန် အသာထသွားလိုက်သည်။

"ပြန်တော့မလို့လားပီကယ်လေးရ..''

"ဟုတ်တယ်အကို... မနက်အိမ်တော်မှာဂျူတီဝင်ရမို့ပါ... ကွန်ဂရက်ကျူလေးရှင်းငါ့အကို...''

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now