💛Happy New Year (ဋီကာဆေး) Unicode💛

34.1K 2.8K 217
                                    

(AN _ Happy New Year အတွက် အလွမ်းပြေလေး ဖတ်ဖို့ ရေးပေးတာမို့ ပေါ့ပေါ့ပါးပါး စကားပြော အရေးလေးနဲ့ပဲ တင်ဆက်လိုက်ပါတယ်။ )

ဒီဇင်ဘာညခင်းရဲ့ အအေးဒဏ်က နည်းနည်းလေး ပိုနေတယ်။ ရန်ကုန်ဆောင်းကတော့ သိတဲ့အတိုင်းပဲ မြန်မာပြည် အထက်ပိုင်းလောက်တော့ လွန်လွန်ကဲကဲ အေးမနေဘူး။ ခပ်ပါးပါးအနွေးထည် တစ်ထည်ဝတ်ထားရုံနဲ့တင် လုံလောက်တယ်။ တချို့ သိပ်မချမ်းတတ်တဲ့ သူတွေအတွက် ဆိုရင်တော့ အနွေးထည်တောင် မလိုဘူး။

ဆောင်းညရဲ့ ညခင်းလေးမှာ ဒေါ်ရာစုပြည့်၊ ဦးရာပြည့်ငြိမ်းတို့ အိမ်ခြံဝင်းလေးထဲ လူစုံတက်စုံ ရှိနေကြတယ်။ အားလုံးဟာ New year ညအတွက် စားသောက်ပွဲ အသေးလေးတစ်ခုကို ပြင်ဆင်နေကြတာပါ။

ဒေါ်လုံးလုံး၊ ဒေါ်ရာစုပြည့်နဲ့ ဒေါ်သဲသဲသူတို့က ဆလပ်သုတ်တွေနဲ့ BBQနဲ့ တွဲစားဖို့ တခြားအရံစားစရာတွေကို လုပ်ကိုင်ပြင်ဆင်နေတယ်။ ပြီးရင် အချိုပွဲအတွက် အသီးအနှံတွေကို လှီးစိတ်ကြဦးမှာ။
ချစ်သူကိုပါ အိမ်ခေါ်လာတဲ့ ဦးရာပြည့်ငြိမ်းကတော့ ထူးပိုင်ဇေယျနဲ့အတူ ကော့တေးစပ်နေကြတယ်။ ပြီးတော့ စားပွဲကို ခင်းကျင်းတည်ခင်းရမယ့် တာဝန်ယူထားသေးတယ်။

ဟိန်းဇေသော်လည်း ဒီအိမ်ကို ရောက်နေပြီး အချစ်ဆုံး သူငယ်ချင်းနဲ့အတူ New yearညကို ကုန်ဆုံးဖို့ ရှိနေတယ်။ ဟိန်း‌ေဇနဲ့အတူ မြတ်ဋီကာကတော့ ဘာမှကူညီ လုပ်ကိုင်ပေးတာတွေ မရှိဘူး။ သူတို့နှစ်ယောက်က လက်ရှိကိုင်နေတဲ့ ပရောဂျက်အသစ်အကြောင်းကို ‌ထိုင်ပြောနေကြတယ်။ သူတို့ဘေးမှာ အကြည်နုက ထိုင်နေပြီး ဖုန်းဂိမ်းတစ်ခုကို ထိုင်ဆော့နေတယ်။ သူလေးလက်ထဲက ဖုန်းက မြတ်ဋီကာရဲ့ ဖုန်းပဲ။ ဋီကာကိုယ်တိုင်က ကလေးကို ဆော့စေဖို့ ပေးထားတာ။

မျက်စိထိခိုက်မှာစိုးလို့ ဆေးက ပေးမဆော့ဖို့ တားပေမဲ့ ဋီကာက အလိုလိုက်ပြီး ပေး‌ေဆာ့ထားတာပါ။ ချစ်ရတဲ့ တစ်လုံးတည်းဆေးရဲ့ ညီမလေးမို့ ဋီကာကလည်း သူ့ညီမ အရင်းလေးလို ချစ်ရှာတယ်။ ဘာမဆို အရမ်းအလိုလိုက်တယ်။ အကြည်လေးကတော့ ဋီကာ့ကို ပိုခင်တွယ်လာခဲ့တာ ဒီနှစ်ထဲမှာပေါ့။ ပြီးတော့ ကလေး တအားချစ်တတ်တဲ့ ဟိန်းဇေသော်ကလည်း အကြည်လေးကို အတော်လေး ဂရုစိုက်တယ်။ မကြာခဏ မုန့်တွေဝယ်လာပြီး တကူးတက လာပေးတတ်တာမျိုး၊ အလုပ်အားတဲ့အခါ အပြင်ထွက်ပြီး လျောက်လည်ပေးတတ်တာမျိုး။

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါΌπου ζουν οι ιστορίες. Ανακάλυψε τώρα