Extra_3 (Unicode)

36.2K 3.3K 284
                                    

နှစ်ဝက်အကြာတွင်တော့ မြတ်ဋီကာ တစ်ယောက် အကူအညီ မပါဘဲနဲ့ လမ်းကောင်းကာင်း ပြန်လျောက်နိုင်ခဲ့ပြီ ဖြစ်သည်။ ပုံမှန်အတိုင်း အလုပ်ပြန်တက်နေပြီး ချစ်သူဖြစ်တဲ့ ဆေးနဲ့လည်း အချိန်ရရင် ရသလို ချိန်းတွေ့သမှု ပြု၏။ ခြေထောက်မကောင်းခဲ့စဉ်မှာ မသွားမလာနိုင်ခဲ့သမျှက အခုချိန်‌မှာတော့ နေ့ရက်တိုင်းလိုလို Dateနေလေတော့သည်။ မတွေ့ရရင် မနေနိုင်သလို တွေ့ပါများလို့လည်း မရိုးအီသွားစေသော ချစ်သူအား တတ်နိုင်ရင် သွားလေရာ အိတ်ကပ်ထဲပင် ထည့်သွားချင်နေမိသည့်သူပင်။

မိမိအပိုင်အဖြစ် တရားဝင် သိမ်းထားချင်ပါသော်လည်း လက်ထပ်ဖို့ ကိစ္စကို မြတ်ဋီကာ စိတ်ရှည်ရှည် ထားပေးနေ၏။ သူ့ဘက်က သေမလို လက်ထပ်ချင်နေပါသော်လည်း ချစ်သူက အချိန်ယူ စဉ်းစားနေပြီး အတိတ်က ဒဏ်ရာတွေကိုပါ မေ့နိုင်ရန် ကြိုးစားပေးနေသည်။ ဒါကြောင့် အတင်းကာရော ဖိအားမပေးဖြစ်ဘဲ အလိုက်သင့် နေထိုင်ရင်းနှင့် နေ့ရက်တိုင်းကို အချစ်‌ေတွ ပေး၍သာ နေနေမိတော့သည်။

"ဟဲလို ..."

ကားမောင်းနေစဉ် ဟိန်းဇေသော်ဆီကနေ ဖုန်းဝင်လာတာမို့ ဋီကာဖြေလိုက်သည်။

"ဋီကာ မင်းဘယ်မှာလဲအခု ...ဆိုက်ထဲမှာပဲ ရှိနေသေးတာလား ..."

"ဟင့်အင်း အဲဒီကနေ ငါပြန်လာနေပြီ ..."

သူတို့ရုံးမှာ အပ်ထားတဲ့ ပရောဂျက်မဟုတ်သော ဋီကာရဲ့ ပါစင်နယ် ဆောက်လုပ်ရေး ဆိုက်တစ်ခုကို ဒီနေ့သွားစစ်ပြီး ပြန်လာနေတာ ဖြစ်သည်။

"ဪ ...အခြေ‌အနေရော ဘယ်လိုလဲ ကောင်းလား ..."

"အေး လက်ရာသေသပ်တယ် အသေးစိတ် တိကျတယ် ..."

ဒီပရောဂျက်က ကိုကို့တစ်ယောက်တည်း အတွက်သာ သူလျှို့ဝှက်ထားသော ကိစ္စဖြစ်သည်။ မေမေနဲ့ အန်ကယ်လေးကိုလည်း အသိပေးထားပြီးသားပင် ဖြစ်သည်။

"မင်းက ဒီလောကတည်းက တကယ့်နာမည်ကြီး ပရိုတွေကိုပဲ အချိန်ယူပြီး တစ်နှစ်နီးပါး အလုပ်အပ်ထားတာကိုး ...ဒီလောက်တော့ စိတ်တိုင်းကျစရာ ဖြစ်လာမှာပေါ့ ..."

"အင်း မဟုတ်ရင် ငါ့စိတ်နဲ့ ဘဝင်မတွေ့ ဖြစ်မိမှာ ...ဒါနဲ့ မင်းက ဘာလို့ဖုန်းဆက်မေးတာလဲ ..."

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါOpowieści tętniące życiem. Odkryj je teraz