[ Happy Birthday မြတ်ဋီကာ ]

31K 2.3K 366
                                    

[ Unicode & Zawgyi ]



A/N _ မြတ်ဋီကာ မွေးနေ့ August 30 အတွက် အပိုင်းတိုလေး တစ်ခန်းကို ၁၂နာရီ ကျော်တဲ့ အချိန်မှာ တင်ပေးလိုက်ပါတယ်။
မွေးနေ့မှာ သူတို့ ဘာတွေ လုပ်‌ေနလဲ ဆိုတဲ့အကြောင်းလေးလောက်ပဲ ရေးထားပေးပါတယ်။
ဟိုရက်ကလည်း အလွမ်းပြေလေး တစ်ခု ‌တင်ထားပေးသေးတယ် ဆိုတော့ အချိန်က သိပ်တော့ မကွာဘူးလေ နော့်။

ကိုဆေး မွေးနေ့တုန်းက ကျနော် အလုပ်နည်းနည်း ရှုပ်နေခဲ့လို့ Birthday အမှတ်တရ မရေးဖြစ်ခဲ့ပါဘူး။
ဋီကာ့ မွေးနေ့မှာတော့ အချိန်နည်းနည်း ရနေလို့ ရေးဖြစ်သွားပါတယ်။

Extra_4မှာ ဋီကာရဲ့ အသက်၂၄နှစ်ပြည့် မွေးနေ့ ပါပါတယ်။
အခုကတော့ ၂၅နှစ်ပြည့် ပေါ့လေ။

အခန်းတိုလေးဆိုလည်း သဘောကျကြမယ်လို့ မျှော်လင့်မိပါတယ်ကွာ။ (◠‿◕)

/
/
/

"မြတ်ဋီကာ ထတော့ ဘုရား သွားဖို့ လုပ်ရအောင် ..."

မနက်(၄)နာရီကျော်ကြီးမှာ ဆေးက အိပ်နေတဲ့ ဋီကာ့ကို နှိုးလိုက်တယ်။
အအိပ်ဆတ်တတ်သော မြတ်ဋီကာက အခုနှိုး အခုနိုးလာတတ်သူ။ မျက်လုံးတွေ ပွတ်သပ်ရင်း သူ့ဘေးမှာ ငုတ်တုတ်ထိုင်နေတဲ့ သူ့ယောက်ျားလေးကို တစ်ချက် ကြည့်လိုက်မိတယ်။

သူ့ကိုကို ‌ေဆးလည်း အခုမှ နိုးလာတဲ့ ပုံစံမျိုးပါပဲ။
ဆံပင် ပွယောင်းယောင်းနဲ့ မျက်နှာလည်း မသစ်ရသေး။

"ကိုကိုမကောင်းဘူး ..."

ဆေးရဲ့ မျက်လုံးထောင့်လေးထဲမှ မျက်ချေးအစလေးကို လက်ညှိုးလေးနဲ့ မြတ်ဋီကာက ဖယ်ရှားလိုက်ရင်း ဆိုလိုက်တယ်။
လူကတော့ အခုထိ အိပ်ရာထဲမှာ လှဲနေဆဲပဲ။ မျက်လုံးတွေကလည်း မပွင့်တပွင့်နဲ့။

"ဘာ မကောင်းတာလဲ ..."

"ညတုန်းကလည်း ကျွန်တော့်ကို နှိုးသေးတယ် ...
အခုလည်း နှိုးပြန်ပြီ အစောကြီး ...
ကျွန်တော်အိပ်ရေး မဝသေးဘူးလေ ..."

"မင်း မွေးနေ့မှာ မနက်အစောကြီး ဘုရားတက်ဖို့ မနေ့တည်းက ငါပြောထားတယ်လေ ...
ညက နှိုးတယ်ဆိုတာလည်း ၁၂နာရီကျော်တာနဲ့ birthday wish လုပ်ပေးချင်လို့လေ ...
ငါ့ယောက်ျားကို ငါ့လောက် ဂရုစိုက်တဲ့လူ ရှိဦးမလား ...
ထပါကွာ ...ငါ့ကလေးက လိမ္မာပါတယ် ...နော် ..."

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now