(P_21) Unicode

30.1K 4K 489
                                    

အခန်း (၂၁)



အတိတ်ဆိုးတွေက မက်နေကျ အိပ်မက်တွေလို မဟုတ်။
အိပ်နေရင်းနဲ့ အလည်မလာခဲ့ပါ။
မျက်စိရှေ့ကို ကြိုတင်နိမိတ်တွေ မပြပါဘဲနဲ့ အရောက်လာခဲ့တယ်။
အိပ်မက်မဟုတ်တာမို့ နိုးထလိုက်တဲ့ အခါလည်း ပျောက်ကွယ်မသွားခဲ့ဘူး။
ကံကြမ္မာက မျက်လှည့်ဆရာ။
သူကတော့ မျက်လှည့်ပြခံနေရတဲ့သူ။
ဆိုးဆိုးဝါးဝါး မျက်လှည့်ပြကွက်တွေကိုတော့ သူမုန်းမိတာပေါ့။

                     **********

"ကိုဆေး အခန်း (104)က ဧည့်သည်က သူ့ပစ္စည်းတစ်ခု ပျောက်လို့တဲ့ ...အဲဒါ မန်နေဂျာကို ခေါ်ပေးဆိုပြီး ပြောနေတယ် ..."

သူတို့ဌာနမှ ဝန်ထမ်းတစ်ယောက်ရဲ့ ဆက်သွယ်လာမှုကြောင့် ဆေး လန့်သွားရသည်။ ဒီလိုကိစ္စတွေက သူတို့ဌာနမှာရော ဟိုတယ် တစ်ခုလုံးမှာပါ ဖြစ်လေ့မရှိပါ။ ဘာကြောင့်လဲ အခုက။

"ငါ အခုလာခဲ့မယ် ခဏစောင့် ..."

ပုံမှန်ဆို သူ့တာဝန်က စီမံခန့်ခွဲရုံသာ ဧည့်သည်ခန်းတွေထိ ကိုယ်တိုင်ဝင်စရာ မလိုပေ။ ဝန်ထမ်းမလောက်၍ ဖြစ်ဖြစ် ဒီလို ပြဿနာ ကြီးငယ် ရှိရင် ဖြစ်ဖြစ် ထိုအခါတွေ ကျရင်တော့ သူ ပါရတတ်သည်။

ဖုန်းလက်ခံ ရပြီးပြီးချင်းမှာပင် လေးလွှာက အခန်း (104)သို့ သူတက်လာခဲ့လိုက်သည်။ အခန်းထဲ ဝင်လာမိတော့ အထဲမှာ တာဝန်ကျ ဝန်ထမ်းနှစ်ယောက်နဲ့ အတူ ရှိနေသော ဧည့်သည်။ မြင်လိုက်မိချင်းမှာပင် ဆေးတစ်ယောက် အေးစက် တောင့်တင်းသွားမိပါသည်။ နှစ်တွေ ဘယ်လောက်ကြာကြာ ပုံစံတွေ ဘယ်လောက်ပဲ ကွဲကွဲ အမုန်းဆုံးနဲ့ အချစ်ဆုံး အရာတွေကိုတော့ မှတ်မိနေလေ့ရှိတာ လူ့သဘာဝ။

သေချာတာကတော့ သူ့မျက်စိရှေ့မှ လူသည် အချစ်ဆုံး အရာတွေထဲမှာတော့ မပါဝင်ပေ။ ကိုယ်လည်း သူ့ကို ချက်ချင်း မှတ်မိလိုက်သလို သူသည်လည်း ကိုယ့်ကို သေချာသိနေ၏။ ထိုတစ်ယောက်ကတော့ ဆေးကို အံ့ဩရိပ် ဟန်ပန်တွေ မပြပါ။ ဒါကြောင့် ဆေး ရိပ်မိလိုက်တာက အခု ကိစ္စကလည်း တမင်ရည်ရွယ်ထားသည်ဟုပင်။

"ဆေး ..."

နာမည်ကို ခေါ်လိုက်သော ဧည့်သည်ဆိုသူ။ ဆေး ပြန်မထူးပါ။
သူတို့နှစ်ယောက် အခြေအနေကို ရပ်ကြည့်နေကြသော ဝန်ထမ်းနှစ်ယောက်။

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now