( P_11 ) Zawgyi

14.1K 1K 128
                                    

အခန်း (၁၁)



ကိုယ်လက်သန့်စင် သွားတိုက်ပြီး ဆေးတစ်ယောက် အိပ်ရာဝင်တော့ အချိန်က ညဆယ်နာရီခန့်။ အခန်းမီးပိတ်ပြီး အိပ်ရာပေါ်မှာ လှဲမိရုံရှိသေးသည်။ ဖုန်းကောလ်တစ်ခုက သူ့ထံ ဝင်လာခဲ့၏။

အခန်းထဲက စားပွဲပေါ်မှာ တင်ထားသော ဖုန်းကို ယူကြည့်လိုက်တော့ ဆက်လာသူက မြတ်ဋီကာ ဖြစ်နေသည်။ ဒီအချိန်ကြီးမှ ဘာအကြောင်း ရှိနေပြန်ပြီလဲ။ ပထမကောလ်ကို မကိုင်ဘဲ နေလိုက်တော့ ထပ်ဆက်လာပြန်သည်။ ဒီတစ်ခါတော့ မဖြစ်မနေ ဆေး ကိုင်လိုက်မိပါသည်။

"ဟဲလို ...မြတ်ဋီကာ မင်းဒီအချိန်ကြီးမှ ဘာလို့ ငါ့ဆီ ဖုန်းတွေခေါ်နေရတာလဲ ..."

"ဟဲလို ဟုတ်ကဲ့... ကျွန်တော်က ဋီကာ့သူငယ်ချင်း ဟိန်းဇေသော်ပါ အစ်ကိုဆေး ...
ဟိုတစ်နေ့က ဟိုတယ်မှာ ဆုံခဲ့တဲ့သူပါ အစ်ကိုမှတ်မိတယ် မဟုတ်လား ..."

တွေ့ဆုံခဲ့တဲ့ ရက်က သိပ်မကြာသေးတာမို့ ဟိန်းဇေသော်ဆိုတဲ့ တစ်ယောက်ကို ချက်ချင်းမှတ်မိလိုက်သည်။ တရုပ်စပ် မျက်နှာပေါက်နဲ့ တစ်ယောက်။

"ဪ အင်း မှတ်မိပါတယ် ...ဒါက မြတ်ဋီကာရဲ့ ဖုန်းမဟုတ်လား ..."

ဖုန်းနံပါတ်က မြတ်ဋီကာ နံပါတ်ဖြစ်နေပြီး စကားပြောနေသူက ဟိန်းဇေသော် ဖြစ်နေသည်။ ဒါကြောင့် ဆေးက မေးလိုက်မိရသည်။

"ဟုတ်ကဲ့ အစ်ကို ...အခုက မြတ်ဋီကာအကြောင်း ပြောမလို့ အစ်ကို့ဆီ လှမ်းခေါ်လိုက်တာပါ ..."

"သူက ဘာဖြစ်လို့လဲ ..."

"သူအခု အရက်တွေ အရမ်း သောက်နေတယ် အစ်ကို ...ကျွန်တော်တို့ ရုံးကလူတွေနဲ့ (.....)လမ်းမပေါ်က (.....)ကလပ်ထဲကို ရောက်နေကြတာ ...သူ့ကို ကျွန်တော်တို့ လုံးဝတားလို့မရဘူး ဖြစ်နေတယ် ..."

"အဲဒါဘာလို့ အစ်ကို့ဆီ ခေါ်တာလဲ ...သူ့အိမ်ကို ဖုန်းခေါ်လိုက်လေ ..."

"အန်တီပြည့်က အရက်သောက်တာ မကြိုက်ဘူးလေ အစ်ကိုဆေး ...အိမ်ကို ဖုန်းလှမ်းခေါ်ရင် ဒီကောင်အဆူခံရမှာ ..."

အန်တီပြည့်က အရက်သောက်ခြင်းကို မကြိုက်တတ်သူပါ။ မောင်ဖြစ်သူ ဦးရာပြည့်ငြိမ်း သည်ပင် အရက်သောက်ခြင်းကို ရှောင်လေ့ရှိသည်။ အလုပ်ကိစ္စ မိတ်ဆွေကဏ္ဍအရ တစ်ခါတစ်ရံသာ သောက်တတ်သူဖြစ်သည်။ ဒါကို ဆေးလည်း သိထားသည်။

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now