ဆေး (ေဆး)

62.5K 4.8K 34
                                    

(Unicode)

ကျွန်တော့်ကို လူတွေက အလှလေးလို့ နောက်ပြောင်ခေါ်ကြလေ့ရှိတယ်။
သူတို့ ခေါ်ကြသလိုမျိုး ကျွန်တော်က ယောက်ျားလေးတန်မဲ့ လှနေတာတော့ မှန်ပေမဲ့ ဒါကို ကျွန်တော်မနှစ်သက်ဘူး။

ယောက်ျားလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်လိုမျိုး ရှိသင့်ရှိထိုက်တာပဲ။
ပြီးတော့ ကျွန်တော်က ဂေးတစ်ယောက်။
LGBTလက်ခံသူ လူနည်းစုနဲ့ လက်မခံသူ လူအများစု ရှိတဲ့ နိုင်ငံမှာ နေထိုင်သူပေါ့။

ရုပ်ရည်လှပခြင်းက ဆေးတစ်ခွက်ပဲလို့ ကျွန်တော့်အမေက အမွှန်းတင်တယ်။ ဒါကြောင့် ကျွန်တော့် နာမည်ကို " ဆေး "လို့ တစ်လုံးတည်း မှည့်ခေါ်တာတဲ့။
ဒါပေမဲ့ ခင်ဗျားတို့ သိလား။ အဲဒီ လှပခြင်းတွေဟာလည်း တစ်ခါတစ်ရံမှာ ဆေးတစ်ခွက် မဟုတ်ဘဲ အဆိပ်တစ်ခွက် ဖြစ်နေတတ်တယ်။

ကျွန်တော့်ရဲ့ ရုပ်ရည်လေးကို ကြည့်ပြီး လူတွေက ချီးမွမ်းတတ်ကြပေမဲ့ ကျွန်တော့်နောက်ကြောင်းတွေကို သိသွားတဲ့ အခါမှာတော့ လူတွေက ဝေဖန်အပြစ်တင် ကဲ့ရဲ့သွားတတ်ကြတယ်။
လူတွေက ကျွန်တော့်ရဲ့ ဖြစ်တည်မှုကို ခွဲခြားလိုက်တဲ့အခါ ကျွန်တော်ဟာလည်း သီးသန့်ဆန်သွားရတယ်။
နားလည်မှု လွဲနေခြင်းပေါင်း များစွာကို ဘယ်သူ့ ဘယ်သူကိုမှ ကျွန်တော် ရှင်းပြလိုစိတ် မရှိတော့ဘူး။

ကျွန်တော်က ကျွန်တော်ပါပဲ။
ကျွန်တော်ရဲ့ ဖြစ်တည်မှုကို ဘယ်သူမှ နားမလည်ရင်တောင် ကိုယ့်ကိုယ်ကိုယ် မြတ်နိုးနေဖို့တော့ လိုတယ် မဟုတ်လား။

(ဆေး)

******************************

(Zawgyi)

ကၽြန္ေတာ့္ကို လူေတြက အလွေလးလို႔ ေနာက္ေျပာင္ေခၚၾကေလ့ရိွတယ္။
သူတို႔ ေခၚၾကသလိုမ်ိဳး ကၽြန္ေတာ္က ေယာက္်ားေလးတန္မဲ့ လွေနတာေတာ့ မွန္ေပမဲ့ ဒါကို ကၽြန္ေတာ္မႏွစ္သက္ဘူး။

ေယာက္်ားေလးတစ္ေယာက္က ေယာက္်ားေလးတစ္ေယာက္လိုမ်ိဳး ရိွသင့္ရိွထိုက္တာပဲ။
ၿပီးေတာ့ ကၽြန္ေတာ္က ေဂးတစ္ေယာက္။
LGBTလက္ခံသူ လူနည္းစုနဲ႔ လက္မခံသူ လူအမ်ားစု ရိွတဲ့ ႏိုင္ငံမွာ ေနထိုင္သူေပါ့။

ရုပ္ရည္လွပျခင္းက ေဆးတစ္ခြက္ပဲလို႔ ကၽြန္ေတာ့္အေမက အမႊန္းတင္တယ္။ ဒါေၾကာင့္ ကၽြန္ေတာ့္ နာမည္ကို " ေဆး "လို႔ တစ္လံုးတည္း မွၫ့္ေခၚတာတဲ့။
ဒါေပမဲ့ ခင္ဗ်ားတို႔ သိလား။ အဲဒီ လွပျခင္းေတြဟာလည္း တစ္ခါတစ်ရံမွာ ေဆးတစ္ခြက္ မဟုတ္ဘဲ အဆိပ္တစ္ခြက္ ျဖစ္ေနတတ္တယ္။

ကၽြန္ေတာ့္ရဲ့ ရုပ္ရည္ေလးကို ၾကၫ့္ၿပီး လူေတြက ခ်ီးမြမ္းတတ္ၾကေပမဲ့ ကၽြန္ေတာ့္ေနာက္ေၾကာင္းေတြကို သိသြားတဲ့ အခါမွာေတာ့ လူေတြက ေဝဖန္အျပစ္တင္ ကဲ့ရဲ့သြားတတ္ၾကတယ္။
လူေတြက ကၽြန္ေတာ့္ရဲ့ ျဖစ္တည္မႈကို ခဲြျခားလိုက္တဲ့အခါ ကၽြန္ေတာ္ဟာလည္း သီးသန႔္ဆန္သြားရတယ္။
နားလည္မႈ လဲြေနျခင္းေပါင္း မ်ားစြာကို ဘယ္သူ႔ ဘယ္သူကိုမွ ကၽြန္ေတာ္ ရွင္းျပလိုစိတ္ မရိွေတာ့ဘူး။

ကၽြန္ေတာ္က ကၽြန္ေတာ္ပါပဲ။
ကၽြန္ေတာ္ရဲ့ ျဖစ္တည္မႈကို ဘယ္သူမွ နားမလည္ရင္ေတာင္ ကိုယ့္ကိုယ္ကိုယ္ ျမတ္ႏိုးေနဖို႔ေတာ့ လိုတယ္ မဟုတ္လား။

(ေဆး)

******************************

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWo Geschichten leben. Entdecke jetzt