(P _ 25) Zawgyi

13.7K 961 25
                                    

အခန်း (၂၅)


ဂေါ်ရန်ဂျီကျွန်းမှာက ကမ်းခြေသုံးခုရှိသည်။ ကြွချေိုင်ကမ်းခြေ၊ နံ့သာပုကမ်းခြေ၊ ဂေါ်ရန်ဂျီကမ်းခြေတို့ပါ။ တော်ဝင်မြန်မာ resort ကတော့ ကြွချေိုင်ကမ်းခြေပေါ်မှာ ရှိသည်။ ဂေါ်ရန်ဂျီမှာ ဘန်ဂလို resortတွေ များပြားပြီး ဟိုတယ်တွေကတော့ ရှိပေမဲ့ သိပ်အများကြီးတော့ မဟုတ်။ မီးစက်‌တွေကိုသာ အားပြုရတာများပြီး မီးလည်းအမြဲတမ်း ပုံမှန်မရ‌နိုင်။ MPT ဖုန်းလိုင်းတွေသာ မိသောနေရာ။

အရမ်းကြီး အဆင့်မြင့်မြင့် စည်ပင်ဖွံ့ဖြိုးနေသော လည်ပတ်စရာ နေရာတစ်ခုတော့ မဟုတ်သေးပေ။ နောက်များမှာတော့ ပိုပြီး တိုးတက်လာနိုင်သော နေရာတစ်ခုပင်။ ဂေါ်ရန်ဂျီကျွန်းရဲ့ သဘာဝ အလှအပတွေကတော့ ရင်သပ်ရှု့မောစရာ ကောင်းလွန်းလှသည်။ ဒီအလှအပတွေကိုပဲ ခံစားဖို့ရာ ဒီနေရာကို လာရောက် အပန်းဖြေကြတာများသည်။

အပန်းဖြေအနားယူစရာ နေရာတစ်ခုကို ရောက်နေကြပေမဲ့ သာသာယာယာ အနားမယူဖြစ်ကြသော သူတွေလည်းရှိသည်။ သူတို့က ရန်ကုန်ကနေ အလုပ်ကိစ္စအတွက် ရောက်လာကြသော ဦးရာပြည့်ငြိမ်းနဲ့ ဆေးတို့ပင်။ သူတို့နှစ်ယောက်ရဲ့ အလုပ်တွေ မအားလပ်ကြတော့ ဋီကာကလည်း တစ်ယောက်တည်း ဖြစ်နေတာ များ၏။

သူတစ်ယောက်တည်း ရှိနေချိန်ဆိုရင် Laptopတစ်လုံး၊ ဖုန်းတစ်လုံးနဲ့ အလုပ် လုပ်နေတတ်ပြီး တစ်ခါတလေ ကမ်းခြေဘက် လျောက်ကြည့်တတ်သည်။ ဒဏ်ရာတွေ ရှိနေသေးသော ကိုဆေးကြောင့် ဒီနေရာကို ရောက်နေပေမဲ့ ဘယ်မှလည်း မသွားမလည် ဖြစ်ကြပေ။ ရန်ကုန်ပြန်ဖို့ နောက်ဆုံး အပတ်လောက် ရောက်တော့မှ ကိုဆေးက ဒဏ်ရာတွေ ပို၍ သက်သာလာသည်။ ထိုအခါကျမှ သုံးယောက်သား အနီးတစ်ဝိုက်ကို လည်ပတ်ဖြစ်ခဲ့သည်။

ဂေါ်ရန်ဂျီတောင်ပေါ်မှ လှေကားထစ်၄၀၀ကျော် တက်ရသော မြဝတီစေတီကိုလည်း သွားရောက် ဖူးမြှော်ခဲ့ကြသည်။ တောင်ပေါ်ကနေ ကျွန်းအလှကို အပေါ်စီးကနေ အေးအေးလူလူ ကြည့်ရှု့ခံစားခဲ့သေး၏။ ပြီးနောက် Life Jacket တွေဝတ်ကာ ဂေါ်ရန်ဂျီအနောက်ဘက်က လိပ်ချိုင်ကျွန်းကို စက်လှေနဲ့ သွားကြသည်။ အဲဒီနေရာမှာတော့ ရေကူးပြီး ခရုကောက်တာတွေ လုပ်နေကြတဲ့ ခရီးသွားတွေ ရှိသည်။ ပြာလဲ့လဲ့ ကြည်လင်နေသော ရေတွေက အောက်ခြေကို ရှင်းလင်းတိကျစွာ မြင်နေရတာမို့ ရေငုတ်ရတာက ပျော်စရာကောင်းသည်။

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now