(P_ 33 _ Ending) Zawgyi

19.3K 1K 76
                                    

အခန်း (၃၃)

လောကကြီးထဲမှာ လူတွေရဲ့ ဖြစ်တည်မှုတိုင်းက သူ့တန်ဖိုးနဲ့သူ သူ့ကံတရားနဲ့သူပဲ။ ကောင်းခြင်း ဆိုးခြင်းတွေက အမြဲဒွန်တွဲပြီး ရှိနေတတ်ကြတယ်။ တချို့ကလည်း အမြဲလိုလို ကံကောင်းနေတတ်ကြပြီး တချို့ကလည်း အမြဲလိုလို ကံဆိုးနေတတ်ကြတယ်။ ကျွန်တော်ဆိုတဲ့ လူသားဆီမှာလည်း ကံကောင်း ကံဆိုးခြင်းတွေက အစုံအလင် ရှိနေခဲ့တာပါပဲ။

ကျွန်တော့်ရဲ့ ဆယ်ကျော်သက် ဘဝတစ်လျောက်လုံးနဲ့ အရွယ်ရောက်ကြီးပြင်းလာတဲ့ ဘဝအထိ ရှင်သန်ရုန်းကန်ခဲ့ရမှုတွေက အတော်လေး ပင်ပန်းခဲ့ရတယ်။ ဘဝရဲ့ အဆိုးဆုံးဆိုတဲ့ အခြေအနေတွေ ပြဿနာအရပ်ရပ်တွေကိုလည်း ရင်ဆိုင်ခဲ့ရပြီးပြီ။ ကျွန်တော့် ဖြစ်တည်မှုတစ်ခုဟာ တချို့လူတွေအတွက်တော့ မြည်းစမ်းချင်စရာ၊ အထင်သေးချင်စရာ၊ ရှုံ့ချချင်စရာ ကောင်းနေတယ်။ ဒါပေမဲ့ တချို့လူတွေအတွက်ကျတော့ ကျွန်တော်ဟာ အရမ်းကို အရေးပါ အရာရောက်လွန်းတဲ့ ဖြစ်တည်မှု တစ်ခုပါပဲတဲ့။

ကျွန်တော်ရှင်သန်ခဲ့ရတဲ့ အချိန်တွေမှာ တစ်ယောက်ယောက်ကို အားကိုးအားထား ပြုဖို့ တွေးတောင် မတွေးထင်ထားခဲ့ဖူးဘူး။ မိသားစုအတွက်တော့ ကျွန်တော်က အိမ်ထောင်ဦးစီးတစ်ယောက် သားအကြီးဆုံး တစ်ယောက်ပါ။ ကျွန်တော့်ကို အားကိုးနေတဲ့ မိသားစုဝင် နှစ်ယောက်အတွက်ကိုပဲ ကျွန်တော် ရုန်းကန်ခဲ့တယ်။ တခြား‌တစ်ယောက်ကိုတော့ မှီခိုအားထားဖို့ စိတ်ကူးတွေ စိုးစဉ်းမှ မရှိခဲ့ဖူးဘူးလေ။

ဒါပေမဲ့ တစ်ချိန်မှာတော့ လူတစ်ယောက်က ကျွန်တော့်ဘဝထဲကို တိုးဝင်လာခဲ့တယ်။ သူ့ကို ကျွန်တော် မှီခိုချင်လာမိတယ်။ သူ့ရင်ခွင်က ကျွန်တော့်အတွက် ယုံယုံကြည်ကြည် နားခိုလို့ရတဲ့ အရပ်အဝန်းတစ်ခုလိုပဲ။ ယောက်ျားတစ်ယောက်က ယောက်ျားတစ်ယောက်ကို မှီခိုချင်တယ်ဆိုတဲ့ စကားက နည်းနည်းတော့ ရယ်စရာကောင်းတယ် မဟုတ်လား။

ဒါပေမဲ့ ကျွန်တော်တို့ ပင်ပန်းလွန်းလာတဲ့အခါ တကယ်ပဲ တစ်စုံတစ်ယောက်ကို မှီခိုချင်လာမိတယ်။ စိတ်အေးလက်အေး ရှိနေလို့ရမဲ့ တစ်ယောက်ယောက်ရဲ့ အရိပ်အာဝါသလေးပေါ့။

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now