Extra_1 (Unicode)

38K 3.2K 112
                                    

(ဒီအခန်းက ဦးရာ ဘန်ကောက်ကို သွားခဲ့တဲ့ အချိန် ဖြစ်ပါတယ်။)

ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မြို့။ ခေတ်မီပြီး ဖွံ့ဖြိုးမှုလည်း မြင့်သည်။ လည်ပတ်စရာ နေရာတွေနဲ့ အစားအသောက်ကောင်းတွေလည်း ရှိပြီး ဈေးဝယ်ထွက်ဖို့ အကောင်းဆုံး နေရာတစ်ခု။ နိုင်ငံတကာမှ brandတို့ ကို အများအပြား တစ်စုတစ်ဝေးတည်း ရနိုင်သောနေရာ။ ဒီနေရာမှာ ပျော်စရာတွေ များပြားပြီး အလည်အပတ်လာဖို့ အတော်လေး အဆင်ပြေပါ၏။

ဦးရာပြည့်ငြိမ်း တစ်ယောက်ကတော့ အလုပ်ကိစ္စတွေနဲ့ ရက်ပိုင်းမျှ နေဖို့ရောက်လာခြင်းသာ။ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ သူ့အလုပ်ကိစ္စတွေကို ဆောင်ရွက်ပြီး ညဘက်မှာတော့ အပန်းဖြေဖို့ရာ ဘန်ကောက်မြို့လည်ကောင်မှ ဂေးဘားတစ်ခုဆီကို ရောက်လာခဲ့မိသည်။ ဘန်ကောက်မြို့ဟာ မနက်ပိုင်းမှာပဲ ပျော်ရွှင်စရာ သုခဘုံမဟုတ်။ ညပိုင်းမှာလည်း အတော်လေး ‌စည်ကားလွန်းနေသည်။ နိုက်ကလပ်လိုမျိုး မဟုတ်ဘဲ အေးအေးဆေးဆေး အရက်ထိုင်သောက်ရင်း အနားယူလို့ရသော ဘားတစ်ခုသာ ဖြစ်သည်။ ဂေးတွေအတွက် သီးသန့်‌ကမ္ဘာတစ်ခုမို့ စိတ်ကိုပိုပြီး relaxဖြစ်စေ၏။ ပြီးတော့ မျက်စိပသာဒလည်း ဖြစ်စေသည်။

ထိုင်းမှာက မြန်မာလို မဟုတ်တာမို့ တွဲသွားတွဲလာ ဂေးစုံတွဲတွေကို အများအပြား တွေ့နိုင်ပြီး ဂေးဘားတွေကလည်း များသည်သာ။ ရှေးရိုးစွဲ ထိုင်းလူမျိုးတွေလည်း ရှိကြပေမဲ့ အများစုကတော့ လိင်တူချစ်ကြိုက်ခြင်းကို ကန့်ကွက်ခြင်း မရှိကြ။ လိင်တူလက်ထပ်ခွင့် ဥပဒေကိုပါ ပြဌာန်းထားတာ သိပ်မကြာသေးပေ။ မြန်မာနိုင်ငံမှာလို မိမိရဲ့ လိင်စိတ်ခံယူမှုကို ဖုံးဖိကွယ်ဝှက် ထားစရာ သိပ်မလို။ ဘန်ကောက်ကို ရောက်လာဖြစ်တိုင်း ဦးရာပြည့်ငြိမ်းအတွက် စိတ်အပန်းဖြေစရာ နေရာတွေက ပိုများလှသည်။

တစ်ယောက်တည်း ဘားကောင်တာနားမှာ အရက်ထိုင်သောက်နေစဉ် သူ့ဘေးနားမှ ခုံသို့ လူတစ်ယောက် လာထိုင်သည်။ ကိုယ့်အာရုံနဲ့ကိုယ် အရက်ခွက်လေးမော့ရင်း တွေးချင်ရာတွေ တွေးနေမိတာမို့ အနားမှာလာထိုင်သည့် သူလိုကိုယ်လို ဧည့်သည်တစ်ယောက်ကို ဘယ်သူဘယ်ဝါဆိုတာ သေချာ မော့မကြည့်မိပေ။

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါOnde as histórias ganham vida. Descobre agora