(P _ 32) Unicode

41.7K 3.8K 784
                                    

အခန်း (၃၂)


တစ်ယောက်ယောက်က မင်းကို မေးလိမ့်မယ်။
ကိုယ်ချစ်ရတဲ့ သူက ကိုယ့်အပေါ် အမှားကျူးလွန်မိတဲ့အခါ သူ့ကို လွယ်လွယ် ခွင့်လွှတ်ပေးနိုင်မလားလို့ ...။
ကျွန်တော်တို့ ပြန်စဉ်းစားရမှာက နှစ်ချက်ရှိတယ်။
ကျူးလွန်ထားတဲ့ အမှားရဲ့ အပြစ် အတိုင်းအတာရယ်။
ကျူးလွန်ထားတဲ့ လူအပေါ် ကျွန်တော်တို့ ထားရှိတဲ့ သံယောဇဉ်ရယ်ပေါ့။
အပြစ်က ကြီးပြီး သံယောဇဉ် နည်းနေရင် လွယ်လွယ် ကျောခိုင်းလိုက်မိမှာ အမှန်ပဲ။
သံယောဇဉ်လည်း ကြီးတယ် အပြစ်ကလည်း များတယ် ဆိုရင်တော့ ပထမဆုံး အနေနဲ့ ပြန်လည်ပြင်ဆင်ဖို့ အခွင့်အရေး‌တစ်ခုတော့ ပေးကြည့်သင့်တယ် မဟုတ်လား။
တစ်ခါပါပဲ။ တစ်ခါလေးပဲ။ သူ့ကို ထပ်ပြီး ယုံကြည်ပေးချင်မိတယ်။
ကျွန်တော်တို့ ချစ်မိသွားတဲ့အခါ နှလုံးသားတွေက အလိုလိုပဲ ပျော့ပျောင်းလာတော့တယ်။

                             ********

ဆေးရုံကို ကိုဆေး ရောက်သွားတဲ့အချိန်မှာ မြတ်ဋီကာက အရေးပေါ်ခန်းထဲမှာ ရှိနေခဲ့သည်။ သာမန်အသေးစား ယဉ်တိုက်မှုလေးတစ်ခု မဟုတ်ဘဲ ပြင်းထန်သော မတော်တဆမှု တစ်ခုလည်း ဖြစ်သည်။ ‌မြတ်ဋီကာရဲ့ ကားအရှေ့ခေါင်းပိုင်း တစ်ခြမ်းလုံးက ကြေမွသွားပြီး လူလည်း ခြေထောက်အောက်ပိုင်း ထိခိုက်မှု များသွားသည်ဟု သိရ၏။ အန်တီပြည့်၊ ဦးရာနဲ့ ဟိန်းဇေသော်တို့လည်း ဆေးရုံမှာ ရှိနေကြသည်။ ကိုဆေး ရောက်လာတဲ့အချိန်မှာ သူကသာ နောက်ဆုံး ဖြစ်နေလျက်။

ခွဲစိတ်မှုအပြီး အရေးပေါ်ခန်းထဲကနေ အသက်အန္တရာယ် မစိုးရိမ်ရတော့ဘဲ ထွက်လာတော့မှ အားလုံး စိတ်အေးနိုင်‌ေတာ့၏။ မြတ်ဋီကာကို အထူးခန်းထဲသို့ ရွှေ့ပြောင်းလိုက်ပြီး သတိပြန်လည်လာတဲ့အထိ စောင့်ကြည့်ရုံမှ လွဲ၍ အခြားမရှိ။ အသက်အန္တရာယ် မစိုးရိမ်ရတော့ပေမဲ့ ဘယ်ဘက်ခြေထောက် တစ်ချောင်းကတော့ အတော်လေး ထိခိုက်သွားပြီး ပုံမှန်လူလို လမ်းပြန်လျှောက်နိုင်ဖို့က အနည်းငယ် ခက်ခဲနိုင်သည်။ အန်တီပြည့်လည်း မျက်ရည်လည်ပြီး ဆေးကို ဖက်ငိုသေးသည်။

"အန်တီ့သားက မင်းကို တကယ်ချစ်တာပါ သားရယ် ...သူ သူအခုတော့ ဒုက္ခိတတစ်ယောက် ဖြစ်တော့မယ် ထင်တယ် ...အဟင့် ဟင့် ..."

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါحيث تعيش القصص. اكتشف الآن