(P _ 5) Zawgyi

17K 1.1K 60
                                    

အခန်း (၅)


ဋီကာ့ဦးလေးနဲ့ မေမေပိုင်ဆိုင်တဲ့ တိုက်ခန်းတွေ အိမ်တွေက ရန်ကုန်မြို့မှာ ရှိနေသည်။ တချို့နေရာတွေက ပြန်ရောင်းဖို့ ဝယ်ထားတာတွေ ဖြစ်ပြီး တချို့နေရာတွေကတော့ နိုင်ငံခြားသားတွေကို နှစ်ချုပ်နဲ့ ပြန်ငှားထားတာတွေ ဖြစ်သည်။

ဒီကော်ဖီဆိုင်ရဲ့ လမ်းထိပ် မိန်းကားလမ်းမကြီး ပေါ်တွင်လည်း သုံးထပ်တိုက် တစ်လုံးရှိ၏။ အစကတော့ အန်ကယ်လေးရဲ့ ပိုင်ဆိုင်မှု တစ်ခုပါ။
အခုတော့ အသက်20ပြည့် မွေးနေ့မှာ ဋီကာလက်ဆောင်ရထားတာမို့ သူ့ပိုင်ဆိုင်မှု တစ်ခုသာ ဖြစ်သွားခဲ့လေပြီ။

အောက်နှစ်ထပ်က သူတို့ အလုပ်ရုံးခန်း ဖွင့်ထားပြီး အပေါ်ဆုံးထပ်ကတော့ လူနေလို့ရတဲ့ အခန်းပါသည်။ ညလုံးပေါက် အလုပ်တွေ လုပ်ဖြစ်ကြတဲ့အခါ ခဏတာ ညအိပ်ရန် အနားယူရန် သုံးကြသော အခန်းသာ ဖြစ်သည်။

မြတ်ဋီကာက ဆေးကို ထိုအခန်းသို့ ခေါ်လာတာ ဖြစ်သည်။ အောက်ထပ်ရုံးခန်းမှာကလည်း ဘယ်သူမှ မရှိတော့ပေ။ ရုံးဆင်းသွားကြလေပြီ။ သူတို့ရဲ့ ရုံးဆင်းချိန်က အစိုးရရုံးတွေလို အတိအကျ ညနေခြောက်နာရီတော့ မဟုတ်ပါ။ တစ်ခါတလေ နေ့လည်လောက်ထဲက ဆင်းတတ်သည်။ ရုံးတက် ရုံးဆင်းချိန်တွေကလည်း ပုံမှန်ရယ်လို့ မရှိ။

အပေါ်ဆုံးထပ် အိပ်ခန်းထဲထိ ဆေးကို ဋီကာက ခေါ်လာသည်။ တွဲလာတဲ့ ကိုယ်ခန္ဓာတစ်ခုကို ခုတင်ပေါ် ပစ်တင်ပေးလိုက်ပြီး သူကတော့ ရပ်ကြည့်နေသည်။ မွေ့ရာပေါ် ပြုတ်ကျသွားတဲ့ ဆေးက အားယူ၍ အလူးအလဲ ပြန်ထထိုင်လိုက်ပြီး ခုတင်ပေါ်ကနေ ဆင်းရန် ပြင်၏။

"ဘယ်လဲ ..."

"ငါ ငါ ရေချိုးခန်းထဲ ဝင်ချင်တယ် ..."

ဆေးရဲ့ ရည်ရွယ်ချက်ကို သူသိနေတာမို့ ဋီကာကလည်း လက်မခံပေ။ အရှေ့ကနေ ပိတ်ကာထားသည်။

"မသွားရဘူး ..."

"ဘာလို့လဲ ...ဘာလို့ မင်းငါ့ကို ဒီလိုတွေ လုပ်နေတာလဲ ...ဖယ် ငါ့ရှေ့က ...ငါ့ကိစ္စ ငါရှင်းဖို့ လိုအပ်နေပြီ ..."

ယိုင်နဲ့နဲ့ ထလာတဲ့ ဆေးကို ဋီကာက ပြန်တွန်းလိုက်သည်။ အိပ်ရာပေါ် မှာ လက်ထောက်လျက်သား ပြန်ရောက်သွားရသော ဆေး။

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now