( P _ 4 ) Unicode

34.7K 4.3K 279
                                    

အခန်း (၄)



ဦးရာပြည့်ငြိမ်းက ဆေးကို သူ့ရုံးခန်းထဲ ခေါ်လာခဲ့သည်။ နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်ဖြစ်ကြရင်း အခြေအနေကို အရိပ်အကဲ ခတ်နေမိတဲ့ ဦးရာပြည့်ငြိမ်း။ ထိခိုက်ဒဏ်ရာ မရခဲ့ဘူးဆိုတာကို သိနေပေမဲ့လည်း ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်တော့ ရှိရမှာပဲမဟုတ်လား။

"ဋီကာက ငယ်လေးကို ဘာလုပ်လဲ ..."

ဆေးက မဖြေပေ။ မျက်လွှာချပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။

"သူဘာပြောလို့လဲ ..."

ဆေးက ငြိမ်၍သာ နေဆဲ။

"ဖြေလေ ငယ်လေး ...မင်းကို သူတစ်ခုခုတော့ လုပ်တယ် မဟုတ်လား ...သူ့ဘက်က မစတင်ဘဲနဲ့တော့ မင်းကဒီလိုမျိုး လက်ရောက်ကျူးလွန်မှာ မဟုတ်ဘူးလေ ..."

ဆေး မျက်နှာ မော့လာပါသည်။ ဦးရာကို လှမ်းကြည့်နေတဲ့ အကြည့်တွေမှာ အားနာခြင်းတွေ ရောယှက်လျက်။

"ကျွန်တော် တောင်းပန်ပါတယ် ဦးရာ ...ဦးရာတူကို ကျွန်တော် မလုပ်သင့်ဘူး ..."

"မဟုတ်သေးဘူး အခုကိုယ်မေးနေတာက ကိုယ့်တူကို လုပ်လိုက်လို့ မင်းကို စိတ်ဆိုးနေတာ မဟုတ်ဘူး ...ငယ်လေးတို့ နှစ်ယောက်တည်း ရှိနေတုန်းက ဋီကာဘယ်လို ရန်စလိုက်သလဲ ...ဒါကိုပဲ ကိုယ်သိချင်တာ ..."

ဆေး ပြန်ဖြေဖို့ တုံ့ဆိုင်းနေမိသည်။ သူ့ပါးစပ်ကနေ ဒီစကားတွေကို ပြောရန်မထွက်။ ပြန်တိုင်တယ်လို့လည်း အထင် မရှိစေချင်ပေ။

"ကျွန်တော် မပြောချင်ဘူး ဦးရာ ..."

"ဘာလို့လဲ ...ဋီကာက တော်တော်ဆိုးဆိုး ဝါးဝါးတွေ မင်းကိုပြောလိုက်လို့လား ..."

ဆေးရဲ့ အဖြေရခက်နေတဲ့ အမူအရာကို ရာပြည့်ငြိမ်းက ကြည့်ရုံနဲ့ ရိပ်မိလိုက်သည်။

"ကိုယ်ထင်တယ် ...ဋီကာ ဘယ်အချိန် ထမွှေမလဲဆိုတာ စိတ်ထဲထင့်နေခဲ့ရတာ ...အခုတော့ ထင်တဲ့အတိုင်းပဲ ..."

"သူက ကျွန်တော်နဲ့ ဦးရာကို တစ်ခုခု ပတ်သက်တယ်လို့ အထင်လွဲနေပုံပဲ ..."

"ဟုတ်တယ် အဲ့ဒါကြောင့် မင်းကို ပြဿနာလာရှာနေတာ ...ဋီကာက ဆိုးတယ် ...ကိုယ်သူ့အကြောင်းတွေ ငယ်လေးကို ပြောပြခဲ့ဖူးပါတယ် ...မှတ်မိတယ် မဟုတ်လား ..."

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါOn viuen les histories. Descobreix ara