(P_16) Unicode

30.5K 3.7K 206
                                    

အခန်း (၁၆)


မန္တလေးကအိမ်ကို ရောက်တော့ မနက်ပိုင်းမှာ ဖြစ်သည်။ မင်္ဂလာပွဲက မနက်ဖြန်မှ ဟိုတယ်တစ်ခုမှာ လုပ်မှာပါ။ ရောက်ရောက်ချင်း တစ်ရက်ကတော့ ဆွေမျိုးတွေနဲ့ တွေ့ဆုံခြင်းသာ။

ဒေါ်ရာစုပြည့်တို့ မောင်နှမက ၁နှစ်ကို တစ်ခါ၊ ၂နှစ်ကို တစ်ခါလောက် မန္တလေးက အမျိုးတွေနဲ့ တွေ့ဖြစ်သည်။ မြတ်ဋီကာကတော့ အထက်တန်းပြီးတည်းက မန္တလေးကို ‌မရောက်ဖြစ်တော့ပေ။
ဒါကြောင့် ဆွေမျိုးတွေ ဆုံတော့ အားလုံးရဲ့ အာရုံစိုက် ဦးတည်မှုတွေက သူ့ဆီမှာသာ။

"ပြည့်ပြည့် နင့်သားက အထက်တန်းကျောင်းသား အရွယ်တည်းက သိပ်ချောတာ အခုကျတော့ ပိုတောင် ကြည့်ကောင်းပြီး ချောလာသလိုပဲ ...
အရပ်ကြီးကလည်း ရှည်လိုက်တာ ..."

ဧည့်ခန်းထဲမှာ လူစုံတက်စုံရှိနေသည်။ အဒေါ်ဝမ်းကွဲ လင်မယားအပြင် သတို့သမီး သင်းလဲ့အေးနဲ့ သူ့ရဲ့သတို့သားလောင်းလည်းပါ၏။
ဒေါ်ရာစုပြည့်တို့ မောင်နှမလည်း ရှိနေသည်။ မြတ်ဋီကာက လူကြီးတွေ ကြားထဲမှာ တစ်ယောက်တည်း။ အမေးခံ ပုဂ္ဂိုလ် ဖြစ်နေလျက်။

ဒေါ်လုံးလုံးနဲ့ အလတ်မ သင်းလဲ့နွေးက မီးဖိုချောင်ထဲမှာ ဒီအိမ်က အလုပ်သမားတစ်ယောက်နဲ့အတူ ညစာအတွက် အလုပ်ရှုပ်နေကြသည်။
အငယ်ဆုံးသား သင်းမောင်မောင်နဲ့ ဆေးတို့က ဧည့်ခန်းထောင့်က တစ်နေရာမှာ photo Albumတွေ ထိုင်ကြည့်နေကြသည်။
Pre wedding အတွက် ပုံတွေကိုပါ။

အလတ်မ သင်းလဲ့နွေးက မြတ်ဋီကာနဲ့ ရွယ်တူဖြစ်သည်။ အကြီးမ သင်းလဲ့‌အေးကမှ ကိုဆေးနဲ့ အသက်မတိမ်းမယိမ်း‌။ ဒီအိမ်ရဲ့ အငယ်ဆုံးသား သင်းမောင်မောင်ကျတော့ အခုမှ Uniတက်နေတာ ဖြစ်ပြီး ကွန်ပျူတာတက္ကသိုလ် ပထမနှစ်။

"သားရော ဘယ်တော့ အိမ်ထောင်ပြုမှာလဲ ...ရုပ်ရည်ကလည်း ရှိတယ် ...အလုပ်အကိုင်ကလည်း ဝင်ငွေကောင်းတယ် ...အသက်အရွယ် တစ်ခုလည်း ရောက်ပြီဆိုတော့ မိန်းမယူမယ်ဆို ယူလို့ရပြီပေါ့ ..."

အဒေါ်ဝမ်းကွဲ ဒေါ်‌ကေသီရဲ့ စကားကြောင့် ဋီကာ့မျက်ခုံး ပင့်တက်သွားရသည်။ အရွယ်ရောက်တာ မြင်တာနဲ့ပဲ အိမ်ထောင်ရေးကို တန်းပြီး စဉ်းစားရတော့မှာတဲ့လား။ လူကြီးတွေရဲ့ ပုံသေနည်းတွေကို မြတ်ဋီကာ သဘောကို မကျနိုင်ပေ။

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now