(P_22) Unicode

30.3K 3.8K 305
                                    

အခန်း (၂၂)



"ဆေး ..."

နှစ်လွှာက ဟိုတယ်စားသောက်ခန်းကနေ ထွက်လာချိန်တွင် နာမည်ခေါ်လိုက်သော အသံကို ကြားလိုက်ရသည်။ ဆေး လှည့်ကြည့်လိုက်တော့ ခေါ်လိုက်တဲ့သူက စွမ်းရည်နိုင် ဖြစ်နေသည်။ သူ့ကို ဘယ်ကနေ ဘယ်လို ရှာတွေ့သွားသည်လဲ မသိ။ စွမ်းရည်နိုင်နဲ့ မဆုံနိုင်အောင် ဆေး အတတ်နိုင်ဆုံး ဟိုတယ်ထဲမှာ သွားလာဖြစ်၏။ မျက်နှာချင်းဆိုင် မဆုံချင်တာမို့။

"ဆေး ..."

ပထမတစ်ခါ နာမည်ခေါ်လိုက်ပေမဲ့ ဆေးက လှည့်ကြည့်ပြီး ကိုယ့်လမ်းကိုယ် ဆက်သွားလိုက်သည်။ စွမ်းရည်နိုင်က ဒုတိယတစ်ခါ ထပ်ခေါ်လိုက်ကာ ဆေးအရှေ့ကနေ ပိတ်ရပ်လိုက်ပါ၏။

"ကိုယ် ခေါ်နေတယ်လေ ဆေး ..."

လက်ကောက်ဝတ်ကိုပါ လာဆွဲကိုင်လိုက်တာမို့ ဆေးက ပြန်‌ဆောင့်ရုန်းလိုက်သည်။

"ခင်ဗျား ဆင်ခြင်ပါ ...ဒါ public နေရာ ...ဒီဟိုတယ်မှာ ခင်ဗျားက ဧည့်သည်တစ်ယောက်ပဲ ...ကျွန်တော်က ဒီကဝန်ထမ်း ...လူမြင်မကောင်းတာတွေ လာမလုပ်နဲ့ ..."

"မင်းနဲ့ ‌စကားပြောချင်တယ် ...မနေ့က ကိုယ်ပြောတဲ့ ကိစ္စကို မင်းစဉ်းစားပြီးပြီလား ...ကိုယ်နဲ့ မူဆယ်ကို လိုက်ဖို့ ..."

"စဉ်းစားရအောင် ဖြစ်သင့် လုပ်သင့်တဲ့ ကိစ္စမို့လို့လား...ခင်ဗျား ရူးနေလား ..."

"ဟုတ်တယ် ကိုယ်ရူးနေတာ ...ဒီထက်ပိုရူးသွားရင် မင်းအကြောင်းတွေ ပျံ့နှံ့သွားနိုင်တယ် ...အဲတော့ အကြာကြီး မစဉ်းစားနဲ့ ...မင်းကို အချိန်တစ်လ ပေးမယ် ...ဒီကနေ ပြောင်းရွှေ့ဖို့ အားလုံးနဲ့ အဆက်အသွယ်တွေ ကိစ္စဖြတ်ဖို့ရော ...ပြီးတော့ မင်းအကောင်ကိုလည်း ဖြတ် ..."

"ကျွန်တော့်ကို အမိန့်တွေ လာပေးနေရအောင် ခင်ဗျားက ဘာကောင်မို့လို့လဲ ..."

"မင်းယောက်ျား ဖြစ်လာမယ့်ကောင်လေ ...ကိုယ်သတိပေးပြီးပြီနော် ဆေး ...နောက်မှ ကိုယ်ရက်စက်တယ်လို့ လာမပြောနဲ့ ..."

ဆေး အနည်းငယ်တော့ တုန်လှုပ်သွားမိသည်။ ဟိုအရင်ကလည်း စွမ်းရည်နိုင်တို့ ရက်စက်ခဲ့ဖူးတာမို့။

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now