(P_13) Unicode

32.4K 3.9K 279
                                    

အခန်း (၁၃)


"စံ ကိုယ် လက်မှတ် သွားဝယ်လိုက်ဦးမယ်နော် ..."

"ဟုတ် ကိုဋီကာ ..."

ရုပ်ရှင်ရုံထဲက တစ်နေရာမှာ ခင်ယုယစံဆိုတဲ့ မိန်းကလေးကို ခဏထားခဲ့ပြီး မြတ်ဋီကာက ရုပ်ရှင်လက်မှတ် ဝယ်တဲ့နေရာသို့ ထွက်သွားသည်။

အရပ်မြင့်ပေမဲ့ လက်ပြင်ကိုင်းခြင်း ဘာညာတစ်ခုမှ မရှိတဲ့ မြတ်ဋီကာဆိုတဲ့သူရဲ့ ကိုယ်နေဟန်ထား။ လမ်းလျောက်သွားတဲ့ ပုံစံကလည်း ကြည့်ကောင်းနေသည်။ အမြဲတမ်း စတိုင်ကျကျ ဝတ်စားတတ်သော ဖက်ရှင်ကလည်း သူနဲ့ မလိုက်ဖက်ခြင်း ဘယ်တော့မှ ရှိမနေပါ။

ရုပ်ရည်အားဖြင့် ကြည့်ရင်လည်း မင်သားလေးလို ချောမောနေ၏။ ချမ်းသာသော အသိုင်းအဝိုင်း နောက်ခံနဲ့ ပညာ‌တတ်တစ်ယောက်လည်း ဖြစ်သောသူ။ ဝင်ငွေကောင်းသော အလုပ်အကိုင်လည်း ရှိတဲ့သူ။
ဒီလို perfect ဖြစ်နေသော ယောက်ျားမျိုးကို ဘယ်မိန်းကလေးကများ မနှစ်သက်ဘဲ နေမည်လဲ။

ခင်ယုယစံသည်လည်း ထိုမိန်းကလေးတွေထဲက တစ်ယောက်ပဲ ဖြစ်သည်။ ချမ်းသာပြီး ပညာတတ်သော အချက်က စံ့လိုမိန်းကလေးအတွက် အဓိကကျသော အရာတော့ မဟုတ်ပါ။ စံကိုယ်တိုင်က အရာအားလုံးကို ပိုင်ဆိုင်ထားပြီးသားမို့။

မြတ်ဋီကာကို စံသဘောကျမိသည်က သူ့ရုပ်ရည် သူ့ပုံစံပင်။ ရုပ်ရည်ချောမောခြင်းနဲ့အတူ ဆွဲဆောင်မှုလည်း ရှိလှသော ဒီယောက်ျားလေးသည် စံ့ကို ဖျားယောင်းနိုင်ဆုံးသူပါပဲ။

အသိမိတ်‌ဆွေ တစ်ယောက်ရဲ့ ပါတီတစ်ခုမှာ မြတ်ဋီကာနဲ့ စံတို့ တွေ့ဆုံခဲ့ကြတာဖြစ်သည်။ မြတ်ဋီကာကို မြင်မြင်ချင်း သဘောကျမိခဲ့တာကြောင့် ဟိန်းဇေသော်နဲ့ သိနေတဲ့ စံက အရင်မိတ်ဆက်ခိုင်းခဲ့ခြင်းပင်။
သဘောကျလွန်း၍ အမြဲကိုယ်ကပဲ ဆက်သွယ်ပြီး ကိုယ်ကပဲ တွေ့ခွင့်ရအောင် လုပ်ခဲ့ရသည်။ မြတ်ဋီကာတို့ဘက်က လုံးဝရှောင်နေတာမျိုးတော့ မဟုတ်ပေမဲ့ လိုက်လိုက်လျောလျောတော့ ရှိခဲ့သည်။
အဲဒါက အရင်တုန်းကပါ။ အခုကျတော့ စံ့ကို စတင်ပြီး Date ဖို့ ဆက်သွယ်ခဲ့သူက မြတ်ဋီကာ ဖြစ်နေသည်။

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now