( P_10 ) Unicode

33.2K 4K 223
                                    

အခန်း (၁၀)


"ဂေါ်ရန်ဂျီကျွန်း beach resort က အစီရင်ခံစာတွေပါ boss ..."

အတွင်းရေးမှူး ကိုဇာနည်က တင်ပြချက်ဖိုင်တွေကို လှမ်းပေးလာသည်။ ရုံးခန်း စားပွဲမှာ ထိုင်နေသော ရာပြည့်ငြိမ်းက လှမ်းယူလိုက်ပြီး ...

"ဧည့်ဝင်နှုန်း‌ကရော ဘယ်လိုရှိလဲ ..."

"အရင်လကထက်တော့ ပိုများလာပါတယ် boss ... Resortက အသစ်ဆိုပေမယ့် customer feedback ကောင်းတွေက ဆိုရှယ်မီဒီယာတွေမှာ အရမ်းများလာတော့ လူသိလည်း ပိုများလာတယ် ..."

ဧရာဝတီတိုင်းထဲက ငရုပ်ကောင်းမြို့ ဂေါ်ရန်ဂျီကျွန်းပေါ်တွင် တော်ဝင်မြန်မာမှ resort အသစ်ကို ဖွင့်ထားတာ သိပ်မကြာသေးပေ။ လွန်ခဲ့သော သုံးလကမှ ဖြစ်သည်။

"အင်း ဟုတ်ပြီ တင်ပြချက်တွေကို သေချာစစ်ကြည့်လိုက်ဦးမယ် ...ဝန်ဆောင်မှုပိုင်းကို ထပ်ဖြည့်ရမဲ့ အပိုင်းတွေ ရှိနေနိုင်မလားလို့ ..."

"ဟုတ်ကဲ့ boss ..."

ကိုဇာနည်က အလုပ်တင်ပြချက် ပို့ပြီးတာနဲ့ ထွက်သွားရန် ပြင်လိုက်သည်။ နောက်မှ တစ်ခုခုပြောရန် သတိရသွား၏။

"ဪ ဒါနဲ့ ...ကျွန်တော် စောစောက ဟိုတယ်ထဲမှာ ဋီကာ့ကို မြင်လိုက်သေးတယ် boss ..."

ကိုဇာနည် ဒီလိုမျိုး သတင်းပေးရခြင်းက ရာပြည့်ငြိမ်းဆီမှ အမိန့်တစ်ခုကြောင့်ပဲ ဖြစ်သည်။
မြတ်ဋီကာ ဟိုတယ်ထဲ ရောက်နေတာ တွေ့လျင် သူ့ထံ အကြောင်းကြား ရမည်ဟု ပြောထားခြင်းကြောင့်ပါ။ ဆေးအပေါ်ကို ဒီလိုဒီကြောင်း ခံစားချက်တွေ ရှိနေပါသည်လို့ ဋီကာ ဝန်ခံလိုက်ပြီးတည်းက ဟိုတယ်ရောက်လာခြင်းကိုပင် သဘောမကျချင်တော့ပေ။

"သူဘာလာလုပ်တာလဲ ..."

"အဲဒါတော့ မသိဘူး boss ...သူ့ဘေးမှာ တခြားလူနှစ်ယောက်လည်း ပါလာသေးတယ် ...သူတို့ 6လွှာကို တက်သွားကြတာ ..."

"သူရောက်နေတာ ကြာပြီလား ..."

"တစ်နာရီလောက်တော့ ရှိပြီထင်တယ် ..."

"အင်း ..."

သူခေါင်းညိတ်ပြလိုက်သည်။ ကိုဇာနည် အခန်းထဲက ထွက်သွားတော့မှ ဖုန်းကို လှမ်းယူပြီး တူဖြစ်သူထံ ခေါ်ကြည့်သည်။

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now