(P _ 30) Unicode

33.7K 3.6K 188
                                    

အခန်း (၃၀)


နေ့လည်ထမင်းစား ခဏနားချိန်ကို အချိန်ကိုက်ပြီး တော်ဝင်မြန်မာကို မြတ်ဋီကာ ရောက်သွားသည်။ အလုပ်လုပ်နေတဲ့ ကိုဆေးကို မနှောင့်ယှက်ချင်တာမို့ နေ့လည်နားချိန်မှာ တွေ့ရန် စီစဉ်လိုက်တာ ဖြစ်သည်။

"ကိုကို ကျွန်တော် အခန်းနံပါတ် ၁၁၃မှာ ရှိနေတယ် ...ကျွန်တော်တို့ နေ့လည်စာ အတူစားရအောင် ကိုကိုလာခဲ့ပါလား ..."

ဟိုတယ်ရောက်တာနဲ့ အခန်းတစ်ခန်း ယူလိုက်ပြီး နေ့လည်စာအတွက် သေချာပြင်ဆင်ကာ မှာလိုက်သည်။ ကို‌ေဆးနဲ့ နှစ်ယောက်တည်း သီးသန့်ကမ္ဘာငယ်လေးတစ်ခုကို ခဏတာ လုပ်ဖို့ သူကြိုးစားနေသည်။ ပြီးတော့မှ မက်ဆေ့တစ်‌ေစာင်အား လှမ်းပို့ပေးလိုက်၏။ အချိန်အနည်းငယ် ကြာတော့မှ ပြန်စာရောက်လာခဲ့သည်။

"အင်း ..."

စာတိုကို တစ်ချက်ကြည့်ရင်း ဋီကာ စိတ်ထဲ သိပ်တော့ သဘောမတွေ့ပေ။ ဒီနေ့ တစ်နေ့လုံး သူရရှိခဲ့သော ပြန်စာတွေက အရမ်းကို စိတ်မပါဖြစ်ပြီး အေးတိအေးစက်နိုင်နေတာကို ခံစားနေရသလိုပင်။ အလုပ်အရမ်းများနေတာ ဖြစ်နိုင်သည်ဟုသာ ဖြည့်တွေးနေရသည်။
ကိုဆေးက နားချိန်ရောက်တော့ ဋီကာရှိနေတဲ့ အခန်းရှေ့ကို ရောက်လာသည်။ အခန်းတံခါး ဘဲလ်တီးသံကြောင့် ဋီကာ အပြေးထွက်လာကြည့်တော့ တည်ငြိမ်နေတဲ့ မျက်နှာချောချောလေးက သူ့အခန်းရှေ့မှာ။

"ကိုကို ..."

မြတ်ဋီကာ မျက်နှာ အလွန်ပြုံးရွှင်သွားပေမဲ့ ကိုဆေးကတော့ တန်ပြန်အပြုံးတွေ ပေးမလာခဲ့ပါ။ ဋီကာ့ကိုလည်း ဘာမှ မပြောဘဲ အခန်းထဲကို ဝင်လာသည်။

"ကျွန်တော် room serviceကို အများကြီး မှာထားတယ် ကိုကို ...ကိုကို ကြိုက်မယ့် စားစရာတွေကြီးပဲ ..."

အခန်းထဲက စားပွဲပေါ်မှာ အပြည့်တည်ခင်းထားသော စားသောက်ဖွယ်ရာတွေကို အသက်မဲ့သလို တစ်ချက် ငေးကြည့်လိုက်ရင်း ဆေးက ဋီကာ့မျက်နှာကို လှမ်းကြည့်လာသည်။ မျက်ဝန်းအကြည့်တွေက မှိုင်းနေပြီး မျက်နှာက တည်ငြိမ်လွန်းနေသည်။ စိတ်တို ဒေါသထွက်နေရင်တောင်မှ အလွယ်တကူ အမူအရာ မဖော်ပြတတ်သော ဆေးရဲ့ ပုံစံအတိုင်းပင်။

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now