(P_12) Unicode

34.4K 3.9K 673
                                    

အခန်း (၁၂)


ခေါင်းထဲမှာ တဆစ်ဆစ် တိုး၍ကိုက်နေခြင်း တချို့တလေနဲ့ ဆေးတစ်ယောက် နိုးထလာခဲ့ရသည်။ မျက်လုံးတွေ ဖွင့်ကြည့်မိတော့ ရောက်နေတဲ့ နေရာဒေသက မစိမ်းသက်နေပါ။ တစ်ခါ ရောက်ခဲ့ဖူးသော မြတ်ဋီကာတို့ ရုံးခန်းအပေါ်ထပ်မှ အခန်းဖြစ်နေသည်။

ရင်ညွှန့်ထိ စောင်အတိ ဖုံးပေးထားခံရသော သူက ခုတင်ထက်မှာ တစ်ယောက်တည်းသာ။ သူ ထထိုင်လိုက်တော့မှ အခန်းထဲက ဆိုဖာခုံရှည်ပေါ်တွင် အိပ်နေသော မြတ်ဋီကာကို လှမ်းမြင်လိုက်ရသည်။

နိုးနိုးချင်း ခုတင်ပေါ်မှာ တစ်ယောက်တည်း ထိုင်ပြီး မနေ့ညက အကြောင်းတွေကို ပြန်တွေးမိသွားသည်။ အားလုံးကို သူပြန်မှတ်မိနေသည်။ အမူးသမားတို့ ထုံးစံအတိုင်း တရေးရေး ပြန်တွေးပြီး လုပ်ခဲ့သမျှ ဖြစ်ခဲ့သမျှ အကုန်မှတ်မိနေ၏။ အခန်းထဲက နံရံကပ်နာရီကို လှမ်းကြည့်မိတော့ အချိန်က မနက်ငါးနာရီ။

ခန္ဓာကိုယ်ကို ပြန်ကြည့်မိတော့ မနေ့က အဝတ်အစားတွေက ဒီအတိုင်းပင်။ ဘယ်နေရာမှ ချို့ယွင်းဖွင့်ဟနေခြင်း မရှိ။ ကိုယ်ခန္ဓာ သိစိတ်ကလည်း တစ်စုံတစ်ရာ ကျူးလွန်ခံခဲ့ရခြင်း မရှိကြောင်း အချက်ပြသည်။

ပြန်တွေးရင်း ပြန်စမ်းစစ်ရင်းနဲ့ စိတ်အေးလက်အေး ရှိပြီးတော့မှ ခုတင်ပေါ်ကနေ သူဆင်းလာခဲ့သည်။ ‌ခြုံစောင်ကို ဆွဲယူလိုက်ပြီး မြတ်ဋီကာ အနား လျောက်သွားမိသည်။

ဆိုဖာခုံက သိပ်အရှည်ကြီး မဟုတ်ပါ။ မြတ်ဋီကာလို အရပ်အမောင်းအတွက် ဒါက ဘယ်လိုမှ သက်သောင့်သက်သာ မဖြစ်စေပေ။
ဆိုဖာပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေသော မြတ်ဋီကာကို ကြည့်ပြီး ဆေးက သက်ပြင်းလေးတစ်ချက် ချလိုက်မိသည်။

မြတ်ဋီကာ ကိုယ်ပေါ်မှာ စောင်ကို ခပ်ဖွဖွလေး ခြုံပေးလိုက်ပြီး ပြန်အလှည့် ...

"ကိုကို ..."

ဆေးလက်ကို ဖမ်းဆွဲခံလိုက်ရပြီး ခေါ်သံကိုပါ ကြားလိုက်ရသည်။
လှည့်ကြည့်လိုက်တော့ မြတ်ဋီကာက အိပ်နေရာကနေ ဆေးကို မော့ကြည့်နေသည်။

"နိုးသွားတာလား ဆောရီး ..."

"ဟင့်အင်း ရပါတယ် ...ကျွန်တော်က အအိပ်ဆတ်တတ်လို့ပါ ..."

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now