Intro

67.7K 4.4K 40
                                    

(U&Z)

အမုန်းတွေနဲ့ မဟုတ်ဘဲ ...
အချစ်တွေနဲ့ ဧည့်ခံပေးပါ ...။
ဒါက နူးညံ့စွာ တောင်းဆိုခြင်း မဟုတ်ပေမယ့် ရက်စက်စွာ အမိန့်ပေးခြင်းလည်း မမည်ပါဘူး။

********************************
********************************

Rape caseတစ်ခုကြောင့် စိတ်ဒဏ်ရာတွေ ရှိနေတဲ့ ကောင်လေးတစ်ယောက်။ gay တစ်ယောက်ဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ရဲ့ အထင်မြင်သေးမှုတွေနဲ့ ရှင်သန်ခဲ့ရတဲ့ကောင်လေး။
သူ့ရဲ့ လောကဓံက မလှ‌ပပေမယ့် လူကတော့ ကုသိုလ်ကံပေးမှုကြောင့် လှပနေလေရဲ့။

Gay တစ်ယောက်ဖြစ်တဲ့ ဦးလေးဖြစ်သူကြောင့် Broken family ဘဝနဲ့ နေထိုင်ခဲ့ရတဲ့ ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်။
သူ့ပတ်ဝန်းကျင်မှာ ငယ်စဉ်ထဲက မြင်ခဲ့ဖူးတဲ့  ဂေးတွေကြောင့် အဆိုးမြင်ဝါဒသမား ဖြစ်နေတဲ့ ကောင်လေး။

ဂေးတွေအများစုက ဒီလိုတွေပါပဲလို့ အထင်မြင် သေးစွာရှိနေတဲ့ ကောင်လေးတစ်ယောက်က စိတ်ဒဏ်ရာအပြည့်နဲ့ ရိုးသားဖြူစင်တဲ့ ကောင်လေးတစ်ယောက်တို့ တွေ့ကြတဲ့အခါ ...

ပဋိပက္ခတွေ အထင်လွဲမှုတွေ အထင်မြင်သေးမှုတွေအကြား ချစ်ခြင်းမေတ္တာတွေက စတင်လာတဲ့အခါ ...

တစ်ယောက်ကို တစ်ယောက် နားလည်နိုင်လာတဲ့အခါ ...

သံယောဇဉ်တွေက တဆင့်တက်လာလေမလား၊ ချစ်ခြင်းမေတ္တာတွေက နေရာယူလာနိုင်မလား ဆိုတာ ...စောင့်ကြည့်ကြရအောင်လား ...။

ဘယ်သူက ဘယ်သူ့ကို အချစ်တွေနဲ့ ဧည့်ခံမလဲ ဆိုတာကိုပေါ့ ...။

********************************
********************************

အမုန်းတွေနဲ့ မဟုတ်ဘဲ ...

********************************
********************************








********************************
********************************

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now