အခန်း (၁၅)
ဋီကာ အိမ်ပြန်ရောက်တော့ ညရှစ်နာရီ မထိုးသေးပါ။ အိမ်ထဲကို လှမ်းဝင်လိုက်တယ် ဆိုရင်ပဲ ဧည့်ခန်းထဲမှာ ထိုင်နေကြသူတွေက သူ့ကိုလှမ်းခေါ်ကြတော့သည်။
"ပြန်လာပြီလား ဋီကာ ..."
"ဒီမှာ အသီးလာစားဦး သား ..."
ဧည့်ခန်းထဲမှာ အန်ကယ်လေး အပါအဝင် မေမေရော ဒေါ်လုံးလုံးပါ ရှိနေသည်။ စားပွဲအလယ်မှာလည်း လှီးစိတ်ထားသော အသီးအနှံတွေကို ပန်းကန်ပြား နှစ်ချပ်နဲ့ ထည့်ထား၏။ ပန်းသီး ဖရဲသီးအပြင် စပျစ်သီးနဲ့ ပန်းသစ်တော်သီးလည်းပါသည်။
"မစားတော့ဘူး မေမေ ...ကျွန်တော် ရေချိုးပြီး နားချင်လို့ ..."
"ဪ အေး အေး ...ရုံးခန်းကနေ အခုမှပြန်လာတာလား သားက..."
"မဟုတ်ဘူး မေမေ တစ်နေရာကို ဝင်နေလို့..."
"ဒါနဲ့ သား ဝတ်ထားတဲ့ အင်္ကျီက မနက်က ဝတ်သွားတဲ့ဟာလည်း မဟုတ်ပါလား ..."
မေမေက သူဝတ်ထားတဲ့ အင်္ကျီကို သတိထားမိသွားသည်။
"ဟယ် ဟုတ်ပါရဲ့ ...ဒီတစ်ထည်က သားဆီမှာ အရင်က တီလုံး မမြင်ဖူးပါဘူး ...ဒီရက်ထဲမှာ အသစ်ထပ်ဝယ်ထားတာလား ..."
သူ့အဝတ်အစားတွေကို နေ့စဉ်နဲ့အမျှ လျှော်ဖွတ်သိမ်းဆည်းပေးနေရတဲ့ ဒေါ်လုံးလုံးပင် မသိ။
"မင်း အင်္ကျီမဟုတ်ဘူး ထင်တယ် ...ကြည့်ရတာ fitting မဖြစ်သလိုပဲ ..."
ဋီကာနဲ့ ကွက်တိမကျဘဲ ဖြစ်နေသော အင်္ကျီပုံစံကို အန်ကယ်လေးကလည်း သတိထားမိသည်။
"ဟုတ်တယ် ဒါ ကျွန်တော့်အင်္ကျီ မဟုတ်ဘူး ..."
ဋီကာက စကားပြောရင်းနဲ့ ထိုင်နေတဲ့ သူတွေဆီ လျှောက်လာသည်။ ဆိုဖာခုံမှာ ဝင်ထိုင်လိုက်ရင်း စပျစ်သီးတစ်လုံးကို ပါးစပ်ထဲ ကောက်ထည့်ဝါးလိုက်သေးသည်။
"ဒါဆို ဘယ်သူ့ဟာလဲ ..."
"ကိုကို့ အင်္ကျီပါ မေမေ ..."
"ကိုဆေး အင်္ကျီကို မင်းက ဘာလို့ဝတ်လာတာလဲ ..."
မျက်နှာချင်းဆိုင်မှ အန်ကယ်လေးက နားမလည်သလို ကြည့်ပြီးမေးနေသည်။
YOU ARE READING
အချစ်တွေနဲ့ ဧည့်ခံလှည့်ပါ
Romance(U&Z) Boy Love အမုန်းတွေနဲ့ မဟုတ်ဘဲ ... အချစ်တွေနဲ့ ဧည့်ခံပေးပါ ...။ ဒါက နူးညံ့စွာ တောင်းဆိုခြင်း မဟုတ်ပေမဲ့ ရက်စက်စွာ အမိန့်ပေးခြင်းလည်း မမည်ပါဘူး။ (Started On - 4/September /2020) အမုန်းတွေနဲ့ မဟုတ်ဘဲ ... အချစ်တွေနဲ့ ဧည့်ခံပေးပါ ...။ ဒါက နူးညံ့စွာ...