(P _ 20) Unicode

34.9K 3.8K 459
                                    

အခန်း (၂၀)


"ဘာ ဘာဖြစ်တယ် ...မင်း မင်းက ကိုဆေးကို နမ်း ..."

"တိုးတိုးပြောစမ်းပါ မင်းအသံကလည်း ..."

ဟိန်းဇေသော်ရဲ့ အလန့်တကြား ထအော်သံကြောင့် ဋီကာက ဟန့်တားလိုက်ရသည်။ သူတို့နှစ်ယောက် မနက်က ဆောက်လုပ်ရေး လုပ်ငန်းခွင်ဆိုက်ထဲကို သွားစစ်ပြီး ရုံးကိုပဲ ပြန်လာကြတာ ဖြစ်သည်။

ရုံးရောက်တော့ ဟိန်းဇေသော် ရုံးခန်းထဲမှာ ကော်ဖီထိုင်သောက်ရင်း နှစ်ယောက်သား စကားပြောဖြစ်နေသည်။ မန္တလေးမှာ ကြုံခဲ့တဲ့ တချို့ကိစ္စတွေကို ဟိန်းဇေသော်အား ပြောပြနေသော မြတ်ဋီကာ။ သူငယ်ချင်းအရင်းကြီးမို့ ဒီတစ်ယောက်ကိုမှ မပြောပြရရင် မနေနိုင် ဖြစ်နေသော စိတ်နှင့်။

"ငါ့အသံကျယ်သွားတာကို အပြစ်မပြောနဲ့လေ ...မင်း လုပ်ခဲ့တာက ငါ့ကို လန့်စေတာကိုး ...တစ်ချိန်လုံး ငါအဖြောင့်ကွ ဆိုပြီး ကြွေးကြော်နေတဲ့ကောင်က ...ဘာတဲ့ ...ယောင်္ကျားလေးတစ်ယောက်ကို သွားနမ်းခဲ့တာဆိုတော့ ...ဒီထက် လန့်ဖျန့်ပြီး သွေးဆောင့်တက်စရာ ဘာရှိဦးမလဲ ကဲပြော ..."

"ငါ နမ်းရုံလေး နမ်းခဲ့မိတာ ...အိုဗာတွေလုပ်ပြီး သွေးတက်မနေနဲ့ ..."

"ဪ ဖြစ်ရတယ် ...မင်းနမ်းလိုက်တာက ရင်ခွင်ပိုက်အရွယ် ကလေးသားလေး မဟုတ်ဘူးလေ ...တီတီတာတာ စကားလေးတွေ ချစ်စရာ ကောင်းအောင် ပြောတတ်တဲ့ သုံးနှစ်သား လေးနှစ်သား ‌ကလေးလေးလည်း မဟုတ်ဘူးကွ ...27နှစ်သား အရွယ်ရောက် ယောက်ျားပျိုလေးလေ ...အဲ့ဒါကို ငါက အိုဗာလုပ်နေတာတဲ့လား ...မင်းက အိုဗာတင်း လာဖျော်ပေးနေတာ မဟုတ်ဘူးလား ..."

အပေါ်ထပ် ပြတင်းပေါက်ဘက်ကို မျက်နှာမူ ရပ်နေတဲ့ မြတ်ဋီကာက လက်ထဲမှာ ကော်ဖီခွက် တစ်ခွက် ကိုင်ထားသည်။ အပြင်ဘက် မိန်းကားလမ်းမနဲ့ တိုက်တာ အဆောက်အအုံတွေကို ငေးကြည့်နေ၏။ ကျောခိုင်းနေတာမို့ ဋီကာ့ မျက်နှာအမူအရာကိုတော့ ဟိန်းဇေသော် မမြင်ရပေ။

"ငြိမ်နေပါလား ...ငါ့ကို ပြန်ပြောပြပြီးတော့ အဲဒီအကြောင်းတွေ ပြန်သတိရပြီး ရင်ခုန်နေတာတော့ မဟုတ်ပါဘူးနော် ..."

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now