(P_23) Unicode

32.1K 3.8K 406
                                    

အခန်း (၂၃)


တစ်ယောက်ယောက်က မင်းအတွက်ဆိုရင် မိုင်ပေါင်းများစွာ ခရီးနှင်ပြီး ရောက်လာခဲ့လိမ့်မယ် ...။
တစ်ယောက်ယောက်က မင်းအတွက်ဆိုရင် ဘာမဆို လုပ်ပေးလိမ့်မယ် ...။
တစ်ယောက်ယောက်က မင်းအတွက်ဆိုရင် စိုးရိမ်သောကတွေနဲ့ ရင်ထဲမှာ နာကျင်နေလိမ့်မယ် ...။
တစ်ယောက်ယောက်က မင်းအတွက်ဆိုရင် နောင်တ ကင်းမဲ့စွာ ကာကွယ်ပေးလိမ့်မယ် ...။
မင်းတစ်ယောက်တည်း မဟုတ်ကြောင်း၊ မင်းရှေ့မှာ တံတိုင်းကြီး တစ်ခုလို ရပ်တည်ပေးမဲ့ သူတစ်ယောက် ရှိကြောင်း သိလိုက်ရတဲ့ ခဏ ...။

                     **********

မနက် ဝေလီဝေလင်း အချိန်။ ပင်လယ်ဘက်က လှိုင်းပုတ်သံတွေက နောက်ခံဂီတသဖွယ်။ လူတစ်ယောက်က တော်ဝင်မြန်မာ resort ရဲ့ ဝန်ထမ်း ဘန်ဂလို အိမ်တန်းလေးရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပါသည်။ သူက ဆေးပါပဲ။

ဋီကာ ဒီမနက် အစောကြီး ရောက်လာမယ်လို့ သိထားတည်းက ဆေး မျှော်နေမိသည်။ ညကလည်း အိပ်ရတာ စိတ်မဖြောင့်လှပါ။
ကိုယ့်အတွက် စိုးရိမ်တကြီး အပြေးရောက်လာမဲ့ သူအတွက် လမ်းခရီးအဆင်ပြေစေဖို့ သူဆန္ဒ ရှိနေသည်။ မနေ့ညက ဆေးတစ်ယောက် ဟိုတယ်ကို ပြန်ရောက်လာတော့ ဦးရာက ပြောပြလာသည်။

"ဋီကာ ဒီကိုလိုက်လာနေပြီ ငယ်လေး ..."

"ဟင် ဘာဖြစ်လို့လဲ ဦးရာ ...သူက ဘာလို့လိုက်လာတာလဲ ..."

"မင်း ပျောက်နေတာကို သူသိသွားတယ် ..."

ဆေး တကယ်ပဲ ထင်မထားမိပါ။ အံ့ဩသွားမိ၏။ ဆေးပျောက်နေလို့ သူက ဒီအထိ လိုက်လာမည်တဲ့လား။

"တကယ်ဆို သူ့ကြောင့်မဟုတ်ရင် မင်းပြန်မလာနိုင်တာကို ကိုယ်လည်း ချက်ချင်း သိဦးမှာ မဟုတ်ဘူး ...မနေ့က သူက အရင် ဖုန်းဆက်လာတာ ...ငယ်လေးကို မေးတယ် ...သူ ဖုန်းခေါ်မရဘူးလို့ ပြောမှ ကိုယ်လည်း သိတာ ..."

"သူ ဘာလို့ ဖုန်းခေါ်တာလဲ ဦးရာ ..."

"အတည်ပြုပြီး မေးစရာရှိလို့တဲ့ မင်းကို ..."

"ဘာမေးမလို့လဲ ..."

"လွန်ခဲ့တဲ့ ၁၁နှစ်က ဟိုလူ ...ရန်ကုန်က ဟိုတယ်မှာ ရောက်နေတာ မဟုတ်လား ..."

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now