Author's Note

158K 4.8K 52
                                    

(U&Z)

" အချစ်တွေနဲ့ ဧည့်ခံလှည့်ပါ " ဆိုတဲ့ ficလေးက ဒီဒီရဲ့ ဒုတိယမြောက် BL ficလေးပါ။

ဒီဇာတ်လမ်းလေးထဲကလို နစ်နာခဲ့ရတဲ့ LGBTတွေလည်း အပြင်မှာ ရှိကောင်း ရှိနေနိုင်ပါတယ်။ တကယ့်လက်တွေ့အပြင်က ဘယ်သူတစ်ဦး တစ်ယောက်ကိုမှ ဇာတ်ကောင်အဖြစ် inspire ယူ၍ ရေးသားထားခြင်း မရှိပါဘူး။

အကယ်၍ တကယ့်အဖြစ်အပျက်တွေနဲ့ မတော်တဆ တိုက်ဆိုင် တူညီနေခဲ့မည် ဆိုပါလျင် စိတ်ကူးယဉ် ဇာတ်လမ်းလေး ဖြစ်တာမို့ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

အတတ်နိုင်ဆုံးတော့ နာမည်တွေကို အပြင်မှာ ပေးလေ့မရှိတဲ့ ဆန်းဆန်းလေးတွေ သုံးထားပါတယ်။

လိင်အကြမ်းဖက် ခံခဲ့ရဖူးတဲ့ LGBTတစ်ယောက်ရဲ့ စိတ်ဒဏ်ရာတွေ၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ် အကြောင်းလေးတွေလည်း နည်းနည်း ပါပါမယ်။

ဒီဒီ ရေးလေ့ရှိတဲ့ ပေါ့ပေါ့ပါးပါး ပုံစံလေးတွေနဲ့ အနည်းငယ်လေး ကွဲပါလိမ့်မယ်။ Drama တဝက်။ အချစ် တဝက်ပေါ့။

Dramaဆိုပေမယ့် တအား Dramaဆန်ဆန်ကြီးလည်း ဖြစ်နေမှာ မဟုတ်ဘူး။
ယောင်္ကျားလေး နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးပါပဲ။

ကဲ ... အခုပဲ အချစ်တွေနဲ့ ဧည့်ခံပါတော့မယ်။
သုံးဆောင် လှည့်ကြပါဦးဗျာ...။

ချစ်သော readerတို့ရဲ့ ...
ဒီဒီ (ခေါ်) ဆောင်းနေခြည်

****************************

" အခ်စ္ေတြနဲ႔ ဧၫ့္ခံလွၫ့္ပါ " ဆိုတဲ့ ficေလးက ဒီဒီရဲ့ ဒုတိယေျမာက္ BL ficေလးပါ။

ဒီဇာတ္လမ္းေလးထဲကလို နစ္နာခဲ့ရတဲ့ LGBTေတြလည္း အျပင္မွာ ရိွေကာင္း ရိွေနႏိုင္ပါတယ္။ တကယ့္လက္ေတြ့အျပင္က ဘယ္သူတစ္ဦး တစ္ေယာက္ကိုမွ ဇာတ္ေကာင္အျဖစ္ inspire ယူ၍ ေရးသားထားျခင္း မရိွပါဘူး။

အကယ္၍ တကယ့္အျဖစ္အပ်က္ေတြနဲ႔ မေတာ္တဆ တိုက္ဆိုင္ တူညီေနခဲ့မည္ ဆိုပါလ်င္ စိတ္ကူးယဉ္ ဇာတ္လမ္းေလး ျဖစ္တာမို႔ နားလည္ေပးႏိုင္မယ္လို႔ ေမ်ွာ္လင့္မိပါတယ္။

အတတ္ႏိုင္ဆံုးေတာ့ နာမည္ေတြကို အျပင္မွာ ေပးေလ့မရိွတဲ့ ဆန္းဆန္းေလးေတြ သံုးထားပါတယ္။

လိင္အၾကမ္းဖက္ ခံခဲ့ရဖူးတဲ့ LGBTတစ္ေယာက္ရဲ့ စိတ္ဒဏ္ရာေတြ၊ ပတ္ဝန္းက်င္ရဲ့ ရိုက္ခတ္မႈဒဏ္ အေၾကာင္းေလးေတြလည္း နည္းနည္း ပါပါမယ္။

ဒီဒီ ေရးေလ့ရိွတဲ့ ေပါ့ေပါ့ပါးပါး ပံုစံေလးေတြနဲ႔ အနည္းငယ္ေလး ကဲြပါလိမ့္မယ္။ Drama တဝက္။ အခ်စ္ တဝက္ေပါ့။

Dramaဆိုေပမယ့္ တအား Dramaဆန္ဆန္ႀကီးလည္း ျဖစ္ေနမွာ မဟုတ္ဘူး။
ေယာက်ၤားေလး ႏွစ္ေယာက္ၾကားက အခ်စ္ဇာတ္လမ္းေလးပါပဲ။

ကဲ ... အခုပဲ အခ်စ္ေတြနဲ႔ ဧၫ့္ခံပါေတာ့မယ္။
သံုးေဆာင္ လွၫ့္ၾကပါဦးဗ်ာ...။

ခ်စ္ေသာ readerတို႔ရဲ့ ...
ဒီဒီ (ေခၚ) ေဆာင္းေနျခည္

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now