(P_27) Unicode

34.8K 3.8K 275
                                    

အခန်း (၂၇)

ဂေါ်ရန်ဂျီမှ ရန်ကုန်ကို ပြန်လာကြတဲ့အထိ မြတ်ဋီကာတစ်ယောက် ဆေးရဲ့အနားကနေ ရှောင်ဖယ်နေလေသည်။ ပြန်လာကြတဲ့ ခရီးမှာရော ရန်ကုန် ပြန်ရောက်ပြီး နောက်တွင်ရော ဋီကာက ဆေးရှိရာကို လုံးဝမလာတော့ပေ။ အလုပ်ဆင်းချိန်တွေဆို နေ့တိုင်းနီးပါး ရောက်လာတတ်သော ကောင်လေးကို မတွေ့ရတော့တဲ့ ရက်တွေက လဝက်နီးပါး ကြာလာခဲ့သည်။

မျက်နှာချင်းဆိုင် မဆုံဖြစ်အောင် တမင်ကို ရှောင်နေတာ သိသာနေ၏။ ဒါကို ဆေးလည်း ကောင်းကောင်းသတိထားမိသည်။ လာမတွေ့ရုံတင် မဟုတ်ဘဲ ဖုန်းအဆက်အသွယ်‌ေတွလည်း မရတော့ပေ။ အစမှာတော့ မြတ်ဋီကာ အလုပ်မအားတာကြောင့်လို့ ဆေးထင်မိခဲ့သည်။ ရက်တွေ ကြာလာလေ ဒါက မသင်္ကာစရာ ကောင်းလာလေပင်။ နောက်တော့ ဆေးစိတ်ထဲ ထင်မိလိုက်တာက ...

"သူငါ့ကို စိတ်ပျက်သွားတာလား ..."

စိတ်ဆန္ဒတွေကို မဖြည့်ဆည်းပေးနိုင်တဲ့ ဆေးအား မြတ်ဋီကာ တစ်ယောက် စိတ်ပျက်သွားသည်ဟုသာ အတွေးထဲ ပေါ်လာသည်။ ယောက်ျားလေးတစ်ယောက်အတွက် ဒီကိစ္စတွေ ချိုးနှိမ်ရတာ ခက်ခဲနိုင်သည်။ ပြီးတော့ သူတို့ ဒီလိုဖြစ်တာ တစ်ခါလည်း မဟုတ်။ နှစ်ခါလုံးမှာ ဆေးက သူ့ကို ငြင်းခဲ့သည်။ မြတ်ဋီကာက သူ့လို မဟုတ်ပေ။ သူ့လို ကြောက်လန့်စရာ စိတ်ဒဏ်ရာတွေ မရှိသော ကျန်းမာသန်စွမ်းတဲ့ ယောက်ျားလေး။ ဒီလို ယောက်ျားမျိုးက စိတ်ဆန္ဒတွေကို မကြာခဏ အမြဲလိုလို ထိန်းချုပ်နေရရင် သူ့ကို စိတ်ပျက်လာ‌မှာ ဖြစ်နိုင်သည်။

မြတ်ဋီကာ သူ့ကို လာမတွေ့တော့၍ ဆေးတစ်ယောက် ဝမ်းနည်မိသလို ဖြစ်မိသေးသည်။ သတိလည်း ရမိ၏။ ဒါပေမဲ့လည်း သူ ဘာမှ မတတ်နိုင်ပေ။ ဒါက မြတ်ဋီကာ အမှားမဟုတ်။ သူ့အမှားပင်။ သူ့မှာ ရှိနေတဲ့ အပြစ်အနာအဆာ တစ်ခုက ဘယ်သူ တစ်ဦးတစ်ယောက်နဲ့မှ လက်တွဲဖော် မဖြစ်နိုင်။ သူ မလိုက်လျောနိုင်တဲ့ ကိစ္စတစ်ခုက ဘဝမှာ အရေးအကြီးဆုံး မဟုတ်သော်ငြားလည်း ဘဝရဲ့တစ်စိတ်တစ်ပိုင်းတော့ အရာဝင်သည်သာ။ မြတ်ဋီကာအပေါ်မှာ သံယောဇဉ်တွေ ပိုခဲ့မိသည်ဆိုရင်တောင် ဒါကို သူသိမ်းဆည်းထားလိုက်တော့မည်။ နှစ်ယောက်လုံး သာယာပျော်ရွှင်တဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာဖို့က သူ့မှာရှိနေတဲ့ အိပ်မက်ဆိုးကြီးကြောင့် ပိုပိုဝေးလာနိုင်သည်။

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now