( P_2 ) Zawgyi

19.6K 1.2K 31
                                    

အခန်း(၂)


ဒေါ်ရာစုပြည့်က အပြန်မှာ လာကြိုဖို့ အခေါ်တော် ရှိထားတာမို့ မြတ်ဋီကာ ရောက်လာရသည်။ နေရာက သူ့ဦးလေးပိုင်တဲ့ တော်ဝင်မြန်မာ ကြယ်လေးပွင့် Hotel တွင် ဖြစ်၏။ ဒေါ်ရာစုပြည့်က အိမ်အထိ လာဖိတ်သွားသော သူ(မ)မိတ်ဆွေရဲ့ သမီးမွေးနေ့ကို ရောက်လာတာ ဖြစ်သည်။

မွေးနေ့ပွဲကို လိုက်ရန် ခေါ်မရတာမို့ အပြန်မှာ လာကြိုခိုင်းတာ ဖြစ်ပုံရသည်။ မြတ်ဋီကာ ကလည်း လည်၏။ လာကြိုဆိုလို့သာ လာခဲ့လိုက်သည်။ ပွဲလုပ်နေသည့် ခန်းမထဲကို မဝင်ဘဲ lobbyထဲကနေသာ စောင့်ပြီး အမေဖြစ်သူကို ဖုန်းခေါ်လိုက်သည်။

"ဟဲလို မေမေ ကျွန်တော် ရောက်နေပြီ ..."

"ရောက်ရင် အထဲဝင်ခဲ့လေ ..."

"မဝင်ချင်ပါဘူး ..."

"မင်း အရမ်း ကန့်လန့်တိုက်တယ်နော် ဋီကာ ...ဒီမှာလာကြည့်လိုက်ဦး ကောင်မလေးက တကယ်လှတာနော် ချစ်စရာလေး ..."

"ကျွန်တော်မှ စိတ်မဝင်စားတာ ...ကျွန်တော် စိတ်ဝင်စားလို့ကတော့ မေမေ ပြောနေစရာတောင် မလိုဘူး ချက်ချင်း ပြေးလာလိုက်မှာ ..."

"စိတ်ဝင်စားခြင်း မဝင်စားခြင်းက တစ်ချက်လောက် မြင်လိုက်ပြီးမှ ဝေခွဲလို့ ရမှာပေါ့ဟဲ့ ..."

"ပြေးကြည့်စရာ မလိုပါဘူး တွေးကြည့်ရုံနဲ့တင် အဲဒီတစ်ယောက်ရဲ့ အလှအပစံနှုန်းကို ခန့်မှန်းနိုင်တယ် ..."

"ဘယ်လို မှန်းလိုက်သလဲ ..."

"သူ့အမေကို အရင်ကြည့်လိုက်တာလေ ဒီအမေကမွေးရင် ဒီရုပ်ပဲ ထွက်လာမှာပေါ့ ..."

"ဟယ် ငါ့မိတ်ဆွေ မမြင့်ရီက ဘာဖြစ်နေလို့တုန်း ...သူလည်း မိန်းမလှပါပဲဟယ် ..."

"တချို့အလှတွေက လှနေတာပဲ ရှိတာ နှလုံးသားတွေ ပျော်ကျသွားအောင် ဆွဲဆောင်နိုင်တဲ့ ဆွဲဆောင်မှုကတော့ လုံးဝ Noပဲ ...အချောအလှတိုင်းကို မေမေ့သားက မငမ်းတတ်ဘူး ...ရင်ထဲလာထိ ရလောက်တဲ့ အလှတရားတွေက မြတ်ဋီကာတို့အတွက် ရှားကို ရှားတယ် ..."

"အမလေး ကြီးကျယ်လိုက်တဲ့ငါ့သား ...အသက်ငါးဆယ်ကျော် အမျိုးသမီးကြီးကို မြင်တာနဲ့ သူ့သမီး နှစ်ဆယ်ကျော်လေးက ဆွဲဆောင်မှု မရှိနိုင်လောက်ဘူးလို့ နင်ဘယ်လိုများ ကောက်ချက်တွေ ဆွဲချလိုက်သလဲ ဋီကာ ..."

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now