(P_19) Unicode

33K 3.7K 345
                                    

အခန်း (၁၉)


ဒီနေ့အစီအစဉ်က မန္တလေးက အထင်ကရ ဘုရားတွေကို ဝင်ဖူးမည်။ ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးရှိရာကို သွားမည်။ မန္တလေး နန်းတော်ထဲလည်း ဝင်မည်။ ပြီးရင်တော့ အမရပူရ မြို့ဟောင်းဘက်က ဦးပိန်တံတားကို သွားကြမှာပါ။

နေရာအားလုံး သွားပြီးမှ ရန်ကုန်ပြန်ဆင်းကြမှာ ဖြစ်သည်။ တစ်ည ထပ်မအိပ်‌တော့ဘဲ ညတွင်းချင်း ပြန်ဖြစ်တာက ဦးရာပြည့်ငြိမ်းရဲ့ အလုပ်ကြောင့်ပဲ ဖြစ်သည်။ မနက်ဖြန်နေ့လည်မှာ ဟိုတယ် လုပ်ငန်းရှင်ကြီးများအသင်း ဖိုရမ် အစည်းအဝေးပွဲကို တက်ရမှာ ဖြစ်သည်။

သင်းလဲ့အေးတို့ ဇနီးမောင်နှံက ဟန်းနီးမွန်း ခရီးထွက်သွားကြသည်။ ဧည့်သည်တွေကို ဘုရားဖူး လိုက်ပို့သူတွေက ဒေါ်ကေသီနဲ့ သင်းမောင်မောင်တို့သာ ဖြစ်သည်။ ဒေါ်ကေသီ့ခင်ပွန်း ဦးနိုင်ထွန်းက အလုပ်ကိစ္စရှိနေတာမို့ မလိုက်ဖြစ်။ သင်းလဲ့နွေးကျတော့လည်း သူ့အသိ တစ်ယောက် ဆုံးသွား၍ နာရေးကို သွားရမှာမို့ မပါပေ။

မဟာမုနိဘုရား၊ စန္ဒာမုနိဘုရား၊ ရွှေစာရံဘုရား၊ တဝဂူဘုရား အားလုံးကို ဝင်ရောက်ဖူးမြှော်သည်။ ပြီးနောက် မန္တလေးတောင်ခြေက မဟာလောက မာရဇိန် ကုသိုလ်တော် ဘုရားကြီးထဲမှာ ရှိသော ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးဆီသို့ ဝင်ဖြစ်သည်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးက မြန်မာပြည်ရဲ့ မန္တလေးမြို့မှာ ခန့်ခန့်ထည်ထည်။ စာတစ်ရွက်က အနံ ၃ပေခွဲ အလျား ၅ပေ ရှိပြီး ထုထည်က ၅လက်မ၊ ၆လက်မ ရှိသည်။ စာမျက်နှာ ၁၄၆၀ ရှိတဲ့ ဒီစာအုပ်ကြီးရဲ့ စာရွက်ရေက ၇၃၀ ဖြစ်သည်။

မြေဧက ၁၃ ဧက ကျယ်ဝန်းတဲ့ လေးထောင့်စပ်စပ် မြေကွက်ကြီးထဲမှာ တစ်ရွက်စီ စိုက်ထူထားသည်။ ကျောက်စာချပ်များကို ကျောက်စာဂူတွေနဲ့ စနစ်တကျ ထားရှိထား၏။ ကမ္ဘာ့အကြီးဆုံးနဲ့ ကမ္ဘာ့အလေးဆုံး ဖြစ်တဲ့ စာအုပ်ကြီးက အနှစ် ၁၀၀ ကျော်ပြီ ဖြစ်သော်လည်း အဆွေးအမြည့် အပျက်အစီး မရှိသေးပေ။

"ဒီလောက် နှစ်တွေ အကြာကြီးထိ မပျက်ဆီး မထိခိုက်သေးတာ အံ့ဩစရာကောင်းတယ်နော် ..."

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now