( P_8 ) Unicode

32.7K 3.9K 286
                                    

အခန်း(၈)


"အမေ ...ကိုကြီးက အခြောက်ဆို ဟုတ်လားဟင် ..."

အဝတ်ခေါက်နေတဲ့ အမေဖြစ်သူ အနားကို အကြည်နု ရောက်လာပြီး မေးလိုက်တဲ့ စကားက အဆက်အစပ်မရှိ။ ဒေါ်သဲသဲသူပင် တအံ့တဩ ဖြစ်သွားရသည်။

"ဟယ် သမီးငယ် ဘာတွေပြောနေတာလဲ ...ဒီစကား ဒီအသုံးအနှုန်းက ဘယ်ကနေ ဘယ်လို ထွက်လာတာတုန်း ..."

"လမ်းထိပ်အိမ်က အကြည်လေး သူငယ်ချင်း အမေက အဲ့လိုပြောတယ် ...သူ့အစ်ကိုက အခြောက်ထင်တယ်တဲ့ ...ဟိုနေ့ညက ကိုယ်ပိုင်ကားနဲ့ လာတဲ့ ‌ကောင်လေးတစ်ယောက်နဲ့ လမ်းလယ်ကောင်မှာ ဖက်နေကြတယ်တဲ့ ..."

"ဟမ် ဘယ်လို သမီးငယ်ကို သူက အဲဒီလို လာပြောတာလား ..."

"သမီးတို့ ကစားနေတုန်း အဲဒီအန်တီကြီးက တခြားအန်တီကြီးနဲ့ ပြောနေတာ အနားမှာ ..."

ကလေးတစ်‌ယောက် အရှေ့မှာ ဒီလို စကားမျိုးတွေကို အတင်းအဖျင်း ပြောနေကြသည်လား။
ဒေါ်သဲသဲသူ စိတ်ထဲ ဖျင်းခနဲ ဖြစ်သွားသည်။ ဒေါ်သဲသဲသူလို လူမျိုးက တခြားမိန်းမကြီးတွေလို ရပ်ကွက်ထဲ နှုတ်သီးကောင်း လျှာပါး ရန်တွေ့တတ်တဲ့ သူတွေလည်း မဟုတ်ပါ။
တစ်မိသားစုလုံးက အနေအေးကြသူတွေသာ ဖြစ်သည်။ ဒါပေမဲ့ ဒီလိုမျိုး အပြောခံရတော့ အနည်းငယ် စိတ်တိုမိပါ၏။

"အခြောက်ဆိုတာကလေ မိန်းမတွေလို ဝတ်ထားတဲ့ လူကြီးတွေကို ပြောတာ မဟုတ်လား ...သမီးကိုကြီးက အဲ့လိုလည်း မဟုတ်ဘဲနဲ့ ဘာလို့ အခြောက်လို့ ခေါ်တာလဲဟင် ..."

ကလေးပီပီ အခြောက်ဆိုတဲ့ ဝေါဟာရအား ကွဲကွဲပြားပြား နားမလည်ဘဲ အမေဖြစ်သူကို ပြန်မေးနေသည်။

"သူတို့က လျောက်ပြောနေတာပါ သမီးရဲ့ ...နောက်ဆို အဲဒီဘက်မှာ သွားမဆော့နဲ့တော့နော် သမီးငယ် ..."

အကြည်လေးက သိချင်တာ မသိရဘဲ မဆော့ဖို့ပါ တားမြစ်ခံလိုက်ရတာမို့ မျက်နှာလေးငယ်သွားသည်။

"အဲဒါဆို လမ်းထဲမှာပဲ ဆော့ရမှာလား ..."

"အင်း အိမ်ရှေ့မှာပဲဆော့ ဘေးအိမ်က ဂူဂူးတို့မောင်နှမတွေနဲ့ ..."

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now