( P_7 ) Unicode

34.5K 4.1K 316
                                    

အခန်း (၇)


ညနေ အလုပ်ပြန်ခါနီး အချိန်။ ဝန်ထမ်းတွေ အဝတ်အစားလဲသည့် လော်ကာအခန်းထဲတွင် ယူနီဖောင်းလဲနေတဲ့ ဆေးဆီကို Bell boy က ဝန်ထမ်း စောဆေးနောင် ရောက်လာသည်။

"ကိုဆေး Boss ခေါ်နေတယ် ...အလုပ်မဆင်းခင် သူ့ရုံးခန်းထဲကို ခဏလာခဲ့ပါဦးတဲ့ ..."

"ဟင် ဘာဖြစ်လို့လဲ ...ငါတို့ဌာနက တစ်ခုခု ဖြစ်လို့လား ..."

"မဟုတ်လောက်ပါဘူး ...ဒီတိုင်း ပြောစရာရှိလို့ ထင်တယ် ...အလုပ်ကိစ္စ မဟုတ်လည်း Bossက အစ်ကို့ကို ခေါ်နေကြပဲလေ ..."

စောဆေးနောင်က စကားပြောနေ‌ရင်းနဲ့ စနောက်နေသေးသည်။ ဆေးက သူ့လက်မောင်းကို လက်သီးနဲ့ တစ်ချက်လှမ်းရိုက်လိုက်ပြီး ...

"မစနဲ့ ..."

"ဘာဖြစ်လို့လဲ ...ကျွန်တော် ပြောတာ မဟုတ်လို့လား ...Bossက ကိုဆေးကိုဆိုရင် သူများတွေထက် ထူးကိုထူးတယ် ..."

ပြုံးစိစိ လုပ်နေတဲ့ စောဆေးနောင်။ မရင်းနှီးတဲ့ သူတွေတောင်မှ ဦးရာရဲ့ ဆေးအပေါ် ဆက်ဆံရေးတွေကို ရိပ်မိနေသည်။ စောဆေးနောင်တို့လို ရင်းနှီးနေတဲ့ အချင်းချင်းတွေဆိုရင် ဘယ်လောက်ထိတောင်မှ သိနေမလဲ။

ကရင်လူမျိုး စောဆေးနောင်ဆိုတဲ့ တိုင်းရင်းသားလေးက ဒီဟိုတယ်မှာ အလုပ်ဝင်တဲ့ အချိန်က ဆေးထက်တော့ နောက်ကျပါသည်။ အချင်းချင်းတွေမို့ ပိုပြီး ရင်းနှီးလွယ် ခင်မင်လွယ်ခဲ့ကြ၏။

ဟုတ်ပါသည်။ စောဆေးနောင်သည်လည်း ဂေးတစ်ယောက်ပါပဲ။ ဒီဟိုတယ်ထဲတွင် ဝန်ထမ်း ၃၀%လောက်က LGBT တွေပါ။ ပိုင်ရှင် ဦးရာပြည့်ငြိမ်း ကိုယ်တိုင်က ဂေးတစ်ယောက် ဖြစ်သည်မို့ LGBTတွေ အလုပ်လာလျှောက်တိုင်း အခွင့်အရေးပေးလေ့ ရှိတတ်၏။

ဒီလိုမျိုး လက်ခံရခြင်းက ဦးရာပြည့်ငြိမ်းမှာ အကြောင်းရင်း ရှိသည်။ များသောအားဖြင့် အလုပ်အကိုင်တွေ ခေါ်သည့်နေရာ အတော်များများသည် ဂေးတွေကို လက်မခံသော LGBTတွေကို နေရာမပေးသော လုပ်ငန်းခွင်တွေ ဖြစ်သည်။

ခေတ်တွေတိုးတက် ပြောင်းလဲလာလို့ ဘယ်လောက်ထိပဲ လက်ခံနေကြပါစေ။ တချို့ လုပ်ငန်းခွင်တွေ ထဲမှာတော့ သူတို့ရဲ့ ဖြစ်တည်မှုတွေက ခွဲခြားကန့်သတ် ခံနေရတုန်းပါပဲ။ ဦးရာပြည့်ငြိမ်းက ဒီအခြေအနေတွေကို သိနေသူမို့ အချင်းချင်း ပို၍ ဂရုစိုက်ပေးခြင်းသာ ဖြစ်သည်။

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now