Extra_2 (Unicode)

35.7K 3.4K 245
                                    

ဒေါ်ရာစုပြည့်နဲ့ ဒေါ်လုံးလုံးတို့က အိမ်အတွက် လိုအပ်တာတွေ ဝယ်ခြမ်းကြဖို့ ဈေးကို ထွက်သွားကြသည်။ အိမ်မှာ ကျန်နေခဲ့တာက မြတ်ဋီကာနဲ့ ဆေးပဲ ဖြစ်သည်။ ဦးရာပြည့်ငြိမ်းကတော့ အိမ်မ‌ှာမရှိဘဲ ဟိုတယ်မှာဖြစ်သည်။ နေ့လည် ထမင်းစားချိန်ရောက်နေပြီမို့ ဋီကာကို တွဲကူပေးရင်း ဆေးက ထမင်းစားခန်းထဲကို ခေါ်လာခဲ့၏။ နှစ်ယောက်အတူ စားရန် ဆေးက ထမင်းပွဲ ပြင်လိုက်သည်။ အားလုံးပြီးသွားတော့ ဘောင်းဘီအိပ်ကပ်ထဲမှ ဆေးရဲ့ ဖုန်းလေးက မြည်လာခဲ့၏။ အလုပ်က ဖုန်းဆက်လာတာမို့ ဆေးက ချက်ချင်းပဲ ကိုင်လိုက်ပြီး မြတ်ဋီကာကို လှည့်ပြောသည်။

"မင်း အရင်စားထားနှင့် ငါဖုန်းပြောလိုက်ဦးမယ် ..."

မြတ်ဋီကာ မျက်နှာက သိပ်သဘောမကျပေမဲ့ ခေါင်းတော့ အသာညိတ်ပြလိုက်သည်။ ကိုကိုက သူ့ကို ပြုစုပေးဖို့ အလုပ်မတက်ဘဲ နေရသည်။ လနဲ့ချီပြီး ခွင့်ရက်ယူဖို့က မဖြစ်နိုင်တာမို့ ဟိုတယ်မှာ လက်ထောက်တစ်ယောက် ထားပြီး အလုပ်တွေကို အိမ်ကနေ ညွှန်‌ကြားလေ့ရှိသည်။ တစ်ခါတစ်ရံတော့ အရေးကြီးရင် ဟိုတယ်ကို လူကိုယ်တိုင် သွားရတတ်သည်။

လေးလလောက်ထိ ကိုကိုက သူ့ကို လာပြုစုပေးခဲ့သည်။ ဋီကာ့အိမ်မှာ တစ်ပတ်ကို လေးရက် ညအိပ်ပြီး သုံးရက်ကတော့ ကိုကိုက သူ့အိမ်သူ ပြန်အိပ်တတ်သည်။ အိမ်မှာ အခန်းပိုတွေ ရှိပေမဲ့ ညရေးညတာအတွက် လူနာကို တစ်ယောက်တည်း ထားလို့ မသင့်ဘူးဆိုသော အကြောင်းပြချက်နဲ့ ဋီကာက ဆေးကို သူ့အခန်းထဲမှာ အိပ်ခိုင်း၏။ အခန်းထဲမှာ ခုတင်တစ်လုံး အပိုထပ်ထည့်ပြီး နှစ်ယောက်တစ်ခန်း နေခဲ့တာ လအတော်ကြာခဲ့လေပြီ။

"အင်း ဟုတ်တယ် ...night duty အတွက် လူလျော့ပြီး Day duty အတွက် လူထပ်ဖြည့်ထားလိုက် ..."

"ကိုကို ..."

ဖုန်းပြောနေဆဲ ဆေးကို မြတ်ဋီကာက ထိုင်နေရာကနေ လှမ်းခေါ်နေသည်။ ဆေးက ထမင်းစားခန်း တစ်နေရာမှာ ရပ်နေပြီး ဋီကာ့ကို ကျောခိုင်းကာ ဖုန်းပြောနေတာ ဖြစ်သည်။

"အသစ်ဝင်လာတဲ့ ဝန်ထမ်းတွေကို သေချာကြပ်မတ်ပေး ...အထူးသဖြင့် စည်းကမ်းပိုင်းကို ..."

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now