(P _ 29) Unicode

29.9K 3.4K 103
                                    

အခန်း (၂၉)



တစ်နေ့လုံးမှာ ညနေရောက်ဖို့အရေး ဋီကာတစ်ယောက် ‌ရင္ခုန်စွာ စောင့်မျှော်နေခဲ့ရသည်။ အလုပ်တွေကို အမြန်လက်စသတ်ပြီးနောက် တော်ဝင်မြန်မာရှေ့ကို အချိန်မှီ အပြေးရောက်သွားခဲ့သည်။ မှောင်စပြုချိန်ထိ မှတ်တိုင်မှာ ရပ်စောင့်နေတာတောင် ကိုဆေးကို သူမမြင်သေးပေ။ ‌ဖုန်းဆက်ခေါ်တော့လည်း စက်ပိတ်ထားသည်ဟုသာ ဖြေကြားနေ၏။ အချိန်ကြာလာတော့ ထပ်မစောင့်နိုင်တော့ဘဲ ဟိုတယ်ထဲကို တစ်ခေါက်ထပ်ပြီး ပြေးရပြန်သည်။ ဒီတော့မှ သူသိလိုက်ရသည်။ ကိုဆေး ဒီနေ့ အလုပ်မဆင်းပါ။ နေမကောင်း၍ ခွင့်တိုင်ထားသည်တဲ့လေ။‌

မနက်က ဖုန်းဆက်တုန်းကတောင် သေချာပေါက် အလုပ်ဆင်းဖို့အကြောင်း  ပြောနေသေးသည် မဟုတ်လား။ ဖုန်းပါ စက်ပိတ်ထားတာမို့ တကယ် နေမကောင်းဖြစ်နေတာလားဟု ထင်မိပြီး စိတ်တွေ ပူလာမိသည်။ နေမကောင်း၍ အလုပ်မဆင်းဖြစ်ရင်တောင်မှ သူ့ကို မက်ဆေ့လေးတော့ ပို့ပေးသင့်သည်။ အခုကျတာ့ ရုတ်တရက်ကြီး ဘာအဆက်အသွယ်မှ မရ။ လူက ပိုစိုးရိမ်လာရတော့သည်။ နောက်ဆုံး မနေနိုင်တော့ဘဲ အိမ်အထိ လိုက်ရန် ဆုံးဖြတ်လိုက်ရသည်။

ကိုဆေးတို့ ရပ်ကွက်လေးထဲကို သူရောက်သွားတော့ အချိန်က ညခုနှစ်နာရီ မထိုး‌ေသးပါ။ အိမ်ရှေ့ထိ ကားကို မောင်းဝင်သွားလိုက်ပြီး သူရောက်လာသည်။ ရပ်ကွက်ထဲမှ လူအချို့က သူ့ကားကို စူးစမ်းသလိုမျိုး ကြည့်နေကြတာကိုလည်း ကြုံရသေးသည်။ ကိုဆေးရဲ့ အိမ်ခြံဝင်းလေးထဲကို သူခြေချမိတော့ အကြည်လေးက အိမ်အပေါက်ဝကနေ လာရပ်ကြည့်တာနဲ့ တိုးသည်။

"ကိုကြီး မြတ်ဋီကာ ..."

အကြည်လေးက သူ့ကို ချစ်စရာကောင်းလွန်းသော ညီမလေးတစ်ယောက် အသွင်အပြင်နဲ့ ပြုံးရွှင်စွာ ကြိုဆိုသည်။

"ညီမလေး နေကောင်းလား ..."

အကြည်လေးရဲ့ ခေါင်းလေးကို ချစ်စနိုးနဲ့ ခပ်ဖွဖွအုပ်ကိုင်လိုက်ရင်း သူမေးလိုက်သည်။

"ဟုတ် ..."

"ညီမလေး ကိုကြီးရော ..."

"ကိုကြီးက အိပ်နေတယ် နေမကောင်းလို့ ..."

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now