Chapter(1) - နိုးထခြင်း

21.5K 2K 93
                                    

Unicode

အခန်း(၁) - နိုးထခြင်း

လခြမ်းကွေးလေးကကောင်းကင်ယံမှာချိတ်ဆွဲနေပြီးကျီးကန်းအော်မည်သံများကိုခြောက်ခြားဖွယ်ကြားနေရသည်။

ချင်းယွင်ဂိုဏ်းရဲ့တားမြစ်ထားတဲ့အခန်းတစ်ခုထဲမှာစက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည့်သွေးနံ့များလှိုင်လှိုင်ထနေ၏။

အရိုးဖောက်သံချောင်းဆယ့်ရှစ်ချောင်းကထိုလူရဲ့လက်ခြေ၊ရင်ဘက်နှင့်ဝမ်းဗိုက်ပိုင်းနေရာတို့မှာထိုးဖောက်ထားပြီးသူ့ရဲ့ပိန်သွယ်သောခန္တာကိုယ်အားနံရံနဲ့ခိုင်မြဲစွာကပ်ထားသည်။သွေးများသည်လည်းခန္တာကိုယ်ပေါ်မှရက်အတော်ကြာတစ်စက်စက်ကျနေခဲ့တာကြောင့်အနီရောင်တောက်တောက်သည်ပင်အညိုပုတ်ရောင်အဖြစ်ပြောင်းလဲသွားခဲ့လေပြီ။

နာကျင်မှုကသူ့အသိစိတ်ကိုယူဆောင်နေပြီးသူ့ခေါင်းတစ်ခုလုံးကိုမြူဆိုင်း၍ဦးတည်ရာပျောက်စေသည်။အတိတ်တုန်းကတောက်ပပြီးလှပခဲ့သည့်မျက်နှာသည်လည်းအခုတော့သွေးကင်းမဲ့ပြီးဖြူဆုတ်နေ၏။

သို့သော်သူ့ဘယ်ဘက်မျက်လုံးအောက်နားလေးဆီကသွေးနီရောင်မျက်ရည်စက်သဏ္ဍာန်မှဲ့ကတော့သူ့အားကြီးကျယ်ခန်းနားသောအလှတရားကိုပေးစွမ်းနေဆဲပင်..

သူ့ပုံစံကမကြာခင်သေခြင်းတရားနဲ့ရင်ဆိုင်ရတော့မယ့်အလွန်အမင်းပွင့်ဖူးနေသောပန်းလေးတစ်ပွင့်အလား

ထိုသို့တိတ်ဆိတ်နေဆဲအချိန်မှာပဲတံခါးဖွင့်သံတစ်ခုကိုတိုးတိတ်ရှင်းလင်းစွာကြားလိုက်ရသည်။

"ဆရာ"

ရန်ကျင်းကသူ့ရှေ့ကိုဖြေးညှင်းစွာလျှောက်လာပြီးသူ့အမူအယာကရေခဲလိုအေးစက်နေကာလှောင်ပြောင်ဟန်ဖြင့်ပြောလာသည်။

"ဖြတ်ရာတစ်သောင်းကိုသည်းခံနိုင်သေးတယ်ပေါ့လေ?"

နံရံပေါ်ကလူကသူ့ကိုလစ်လျူရှုထားသည်။ထိုလူရဲ့အသက်ရှုသံသည်လည်းမတည်ရှိနေပဲသူ့ရင်ဘက်ကခပ်ဖြေးဖြေးလှုပ်ရှားနေခြင်းတစ်ခုတည်းကသာသူအသက်ရှင်နေသေးသည်ကိုညွှန်ပြနေ၏။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now