Chapter(71-2) - ဂိုဏ်းချုပ်

2.8K 595 16
                                    

Unicode

အခန်း(၇၁-၂) - ဂိုဏ်းချုပ်

ထိုအချိန်က ရှန်ကျစ်ရှန်းကို သိမ်းပိုက်ထားသည့် နတ်ဆိုးတစ်ဝက်သည် အမှန်ပင် မတည်မငြိမ် ဖြစ်နေခဲ့ပြီး မကြာခဏ ရူးသွပ်သွားတတ်သည်။ ဒါ့အပြင် စုန့်မင်းသည်လည်း အမြဲတမ်း နူးညံ့သိမ်မွေ့ပြီး ရိုးသားသော သူတစ်ယောက်လိုပဲလေ။ ဂိုဏ်းချုပ်ဝန်က သူ့ကို ဂိုဏ်းချုပ်အဖြစ် ရွေးချယ်ထားခဲ့တဲ့အတွက် စုန့်မင်းရဲ့ စိတ်ထားကို သဘာဝကျကျပင် ယုံကြည်နေခဲ့သည်။

သူ့တပည့်အပေါ် ချစ်ခင်တွယ်တာမှုက သူ့ကို စိတ်အားထက်သန်စေခဲ့၏။ ဂိုဏ်းချုပ်ဝန်သည် အလျင်အမြန် မတ်တပ်ထရပ်ကာ သူ့ခန္ဓာကိုယ်ကို တရားထိုင်သည့် အခြေအနေမှ အတင်းအကျပ် ဖယ်ထုတ်ရန် ကြိုးစားခဲ့သည်။ ထိုအခါ သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ချီများက ရုတ်တရက် ဖရိုဖရဲဖြစ်သွားပြီး မထိန်းချုပ်နိုင်စွာပင် သွေးတစ်ပွက် အန်လိုက်မိကာ ရှေ့သို့ တုန်တုန်ယင်ယင်ဖြင့် ခြေနှစ်လှမ်းမျှ တိုးသွားမိလေသည်။

စုန့်မင်းက သူ့နောက်မှာပင်။ ဂိုဏ်းချုပ်ဝန်က နောက်လှည့်ပြီး စုန့်မင်းအား လမ်းပြခိုင်းရန် ရည်ရွယ်လိုက်သည်။ သို့သော်လည်း အေးစက်သည့် ဓားအလင်းတစ်ခုက သူ့မျက်လုံးထဲ ပေါ်လာခဲ့၍ -----

"စုန့်မင်း!"

အေးစက်ပြီး လူသတ်ငွေ့များ သန်းနေသည့် ဓားဝိညာဉ်က စုန့်မင်းရှေ့သို့ ရောက်လာကာ သူ့နှာခေါင်းနားသို့ပင် ဖြတ်သွားမတတ်ဖြစ်သွားပြီး သူ့အား မြေပြင်ပေါ် ပြန်လဲကျသွားစေသည်။

စုန့်မင်းက ရုတ်တရက် သတိဝင်လာခဲ့ပြီးသူက လက်ရှိ စုန့်ထန်ခန်းမ၏ တံခါးရှေ့မှသာ ရှိနေသေးကာ အထဲကို လုံးဝ မဝင်ရသေးမှန်း သဘောပေါက်သွားခဲ့သည်။

စုန့်မင်း၏ ခန္ဓာကိုယ်တစ်လျှောက်တွင် ထူးဆန်းသော ကြိုတင်သတိပေးချက်တစ်ခု တုန်လှုပ်သွားပြီး ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်၏။

လူအုပ်လိုက်ကြီးအား မြင်လိုက်ရလေသည်။

ရှေ့ဆုံးမှာ စတုတ္ထအကြီးအကဲက ဓားအား အောက်စိုက်ချထားရင်း ရပ်နေသည်။ သူ့ဓား၏ ထိပ်ဖျားက အပေါက်ကြီးတစ်ခု ဖြစ်လုနီးပါး ဖြစ်နေသည့် မြေပြင်ပေါ်သို့ ညွှန်ထားလေသည်။ သူ့ခန္တာကိုယ်ပေါ်မှာ ရစ်ပတ်နေဆဲ ဖြစ်သည့် ဓားချီသည်လည်း မတိုင်ခင်တုန်းက စုန့်မင်းအား ထိဖို့ ကြိုးစားခဲ့သည့် တစ်ခုနဲ့ အတိအကျ တူနေပြန်သည်လေ။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now