Chapter(63-2) - ဓား၏အကြွင်းအကျန်

2.8K 592 2
                                    

Unicode

အခန်း(၆၃-) - ဓား၏အကြွင်းအကျန်

ရှန်ကျစ်ရှန်းက အနည်းငယ် အေးခဲသွားမိပြီး စာရွက်အား ဆက်လက် ငုံ့ဖတ်လိုက်၏။

စာရွက်က ပါးလွှာသော်လည်း ရှည်လျားလှသော စာရွက်လိပ်ဖြင့် တွဲထားခြင်းပင်။ ရေးသားထားသည့် ပုံစံအား ကြည့်ရမယ် ဆိုရင်တော့ ခေါင်းပြောင်ဘုန်းကြီး ရေးနိုင်တဲ့ ပုံစံမျိုးဖြစ်သည်။ ပထမဆုံး တစ်ဝက်မှာ သူက တောင်းပန်မှုအား ဖော်ပြထားပြီး ကျန်တဲ့ တစ်ဝက်လောက်မှသာ ရန်ကျင်းအကြောင်း ဂရုတစိုက်ပြောဆိုထားသည်။

စာရွက်ထဲမှာ ပြောထားပုံ အရဆိုရင်တော့ စွန့်ပစ်ခံမြေက နှစ်ပေါင်းထောင်ချီကြာအောင် ချိတ်ပိတ်ခံထားရပြီး အထဲမှာ အကျဉ်းကျနေသည့် နတ်ဆိုးများနဲ့ မိစ္ဆာများက မရေမတွက်နိုင် ဖြစ်နေသည်ဟုပင်။ သူတို့က ဖြေရှင်းရန် အလွန်ခက်ခဲလှ၏။ ရန်ကျင်းကို ထိုစွန့်ပစ်ခံမြေသို့ ပို့လိုက်ရခြင်း အကြောင်းအရင်းမှာ ရန်ကျင်းက သဘာဝအလျောက် မွေးဖွားလာသည့် နတ်ဆိုးမိစ္ဆာ တစ်ဦးဖြစ်နေပြီး ထိုနေရာမှာ ရေရှည် နေထိုင်နိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်ဟုပင်။

၎င်းသည် ခြင်္သေတစ်ကောင်အား တောထဲ စေလွှတ်ပြီး အတွင်းမှ သားရဲများအား အုပ်စိုးချယ်လှယ်၍ အပြင်ထွက်ခွင့် မပြုအောင် လုပ်တာနဲ့ ဆင်တူ၏။

ရှန်ကျစ်ရှန်းက လက်အား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကျောက်တုံးအား အမှုန့်ဖြစ်သွားသည်အထိ ချေပစ်လိုက်တာကြောင့် သစ်ပင်နတ်ဆိုးအိုကြီးအား နောက်သို့ တုန်ယင်စွာ ဆုတ်သွားမိစေသည်။

သူက စာရွက်ပေါ်က နောက်ဆုံးကျန်သည့် စာကြောင်းများအား ဆက်ဖတ်လိုက်သည်။

စွန့်ပစ်ခံမြေမှ ကန့်သတ်စည်းတံဆိပ်က မကြာခင်မှာ ပြိုပျက်တော့မှာဖြစ်ပြီး မရေမတွက်နိုင်သော နတ်ဆိုးများ လွတ်မြောက်တော့မည်ဟု ဆိုထားသည်။ သူတို့က ထိုနတ်ဆိုးများအား ဖျတ်ဆီးရာတွင် ကူညီရန် ရှန်ကျစ်ရှန်းအား တောင်းဆိုထားခြင်းပင်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now