Chapter(71-1) - ဂိုဏ်းချုပ်

3.2K 534 2
                                    

Unicode

အခန်း(၇၁-) - ဂိုဏ်းချုပ်

စွန့်ပစ်မြေမှာရှိသည့် နတ်ဆိုးနှင့် မိစ္ဆာများနှင့် ပတ်သတ်ရင် ထိုဂိုဏ်းလေးတွေရဲ့ အရည်အချင်းက လွန်စွာ နည်းပါးတာကြောင့် သိတာ သိပ်မရှိလောက်ပေ။ သို့သော်လည်း ချင်းယွင်ဂိုဏ်းလို ဂိုဏ်းကြီး တစ်ဂိုဏ်းကတော့ မှတ်တမ်းအချို့ ရှိသင့်သည်။

ရှန်ကျစ်ရှန်းသည် သက်ဆိုင်ရာ စာအုပ်အချို့ကို ဆွဲထုတ်ပြီး ၎င်းတို့ကို တစ်ပုံချင်း ဖတ်ကြည့်သောအခါတွင် ရွေးချယ်စရာ နှစ်ခုသာ ရှိသည်ကို သူ သဘောပေါက်လိုက်သည်။ ကျင့်ကြံသူများ အနေနဲ့ မိစ္ဆာတွေကို နှိမ်နင်းနိုင်ဖို့ အင်အားစုများ ပေါင်းစည်းလို့ရသည်။ ဒါမှမဟုတ် သူတို့ကို ဒီအတိုင်း လွှတ်ထားလိုက်ပြီး အတူတကွ ငြိမ်းချမ်းစွာ ပေါင်းသင်းနေထိုင်နိုင်ဖို့ နည်းလမ်းများ ရှာဖွေနိုင်သည်။

ပထမနည်းလမ်းနှင့်ပတ်သက်၍ ရှန်ကျစ်ရှန်းက ခဏလောက်သာ စဉ်းစားလိုက်ပြီး လုံးဝကို လစ်လျူရှုလိုက်တော့သည်။

နှစ်ထောင်ပေါင်းမြောက်မြားစွာမှာ စွန့်ပစ်နယ်မြေထဲမှာ ဖိနှိပ်ခံခဲ့ရသည့် အင်အားကြီး နတ်ဆိုးများနဲ့ မိစ္ဆာများက အချင်းချင်း တိုက်ခိုက်နေခဲ့ကြသည်။ ဒီအချိန်မှာ ကျင့်ကြံသူများကတော့ ပြိုင်ဘက် မရှိတော့တာကြောင့် ပျင်းရိလာကြသည်ပင်။ အကယ်၍ နှစ်ဖက်သာ အချင်းချင်း စတင် တိုက်ခိုက်ကြမယ် ဆိုရင် ဘယ်သူ နိုင်မလဲ ဆိုတာက သိဖို့ ခက်ခဲနေခဲ့လေပြီ။

ဒီထက်ပိုတာကတော့ ရှန်ကျစ်ရှန်းသည် လက်ရှိ ကျင့်ကြံရေး လောကမှာ အဲ့ဒီတုန်းကလို စွမ်းအားကြီးလှတဲ့ ကန့်သတ် စည်းတံဆိပ်ကို ဖွဲ့စည်းနိုင်မယ့် သူ ဘယ်သူမှ မရှိဘူးဆိုတာ ယုံကြည်သည်လေ

ဒါကြောင့် ဒုတိယ နည်းလမ်းတစ်ခုတည်းသာ ကျန်တော့မည်

ဒါက လွယ်ကူသည်တော့ မဟုတ်ပေ။ ထိုနတ်ဆိုးများနဲ့ မိစ္ဆာများက စကားအပြောအဆို အလွန်နည်းပါးသော စိတ်နေ စိတ်ထားများ ရှိတာကြောင့် သာမာန်အားဖြင့် ဘယ်သူကမှ စည်းရုံးသိမ်းသွင်းနိုင်မှာ မဟုတ်။ ဒါ့အပြင် ကျင့်ကြံသူများဘက်ကလည်း ထိုသတ္တဝါများအား ရက်စက်ကြမ်းကြုတ်သည့် သူများဟုသာ မြင်ကြသည်။ ဒီအကြောင်းအရင်း နှစ်ခုအတွက်......

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now