Chapter(50-3) - ဘီလူး

4.2K 791 4
                                    

Unicode

အခန်း(၅၀-၃) - ဘီလူး

၎င်း၏ ဝိညာဉ်ချီပေါက်ထွက်မှုက အတော်လေး သန်မာပြီး ပြင်းထန်လွန်းသည်။ ထိုအချိန်လေးမှာ ရှန်ကျစ်ရှန်းသည် သူရောရန်ကျင်းပါ ဒဏ်ရာမရပဲ မလွတ်မြောက်နိုင်ဘူးဆိုတာ သိလိုက်သည်။

ဒါက ဘာကြီးလဲ?! အရမ်းစွမ်းအားကြီးလွန်းတယ်!

ရန်ကျင်းက သူ့ဘေးမှာပင်။ အကယ်၍ ရှန်ကျစ်ရှန်းသာ နောက်ဆုတ်လိုက်ရင် ထိုဘီလူးက ရန်ကျင်းအား သေချာပေါက် ထိခိုက်စေလိမ့်မည်။

ထိုအတွေးဖြင့် ရှန်ကျစ်ရှန်းက အံကိုတင်းတင်းကြိတ်လိုက်၏။ ထို့နောက် သူ့ဝိညာဉ်စွမ်းအားများအား ဓားထဲသို့ စုစည်းလိုက်ပြီး ရန်ကျင်းအား နောက်သို့ တွန်းထုတ်လိုက်ကာ ဘီလူးရဲ့ တိုက်ခိုက်မှုကို တစ်ယောက်တည်း ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း ထိုခဏလေးမှာ ရန်ကျင်းက သူ့စကားကို နားမထောင်ယုံတင်မကပဲ ရှေ့ကိုပါ ခြေလှမ်းတိုးဝင်သွားသည်လေ။ ထို့နောက် သန်မာထူထဲလှသော ဝိညာဉ်စွမ်းအားဖြင့် သူ့ဓားကို လွှဲခုတ်လိုက်ပြီး ဘီလူးကို ရင်ဆိုင်ဖို့ ဦးဆောင်လိုက်လေရဲ့!

ကြီးမားလှသည့် အင်အားနှစ်ခုက ထိပ်တိုက်တွေ့သွားသည်။ ထိုဆုံတွေ့မှုက ခြံဝင်းတစ်ခုလုံးကို တစ်စစီဖြစ်သွားစေသည်။ ခြံဝန်းနံရံများက မြေပြင်ပေါ်သို့ ပြိုကျကုန်ကာ အုတ်နံရံများက တစ်စစီ ပဲကြွေကုန်သည်။ ကျန်နေရစ်သည့် စွမ်းအားသည်ပင် အပြင်ဘက်က ပန်းများနဲ့ သစ်ပင်များကို ယိမ်းယိုင်စေပြီး ကျိုင်းပင်တစ်ချို့ကို အမြစ်ကနေ ကျွတ်ထွက်သွားစေ၏။ ၎င်းတို့က မြေပေါ်သို့ ပြုတ်ကျကုန်ပြီး အောက်ကနေ မရေမတွက်နိုင်သည့် အရိုးစုများပေါ်လာလေသည်။

ရန်ကျင်းက နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။ သူ့ဘာသာသူဆိုရင် ဘီလူးရဲ့ စွမ်းအားကို တွန်းလှန်နိုင်ခြင်း မရှိပေ။ ရှန်ကျစ်ရှန်းက သူ့နောက်ကျောကို လက်တစ်ဖက်ဖြင့် ဖိချလိုက်ပြီး ဝိညာဉ်စွမ်းအားများ လွှဲပေးလိုက်သည်။

သူ့ဝိညာဉ်စွမ်းအားများ ရန်ကျင်းရဲ့ကိုယ်ထဲ ဝင်သွားသည့်တစ်ခဏမှာပင် ရှန်ကျစ်ရှန်းသည် ရန်ကျင်းရဲ့ အခြေအနေ သိပ်မကောင်းတာကို ခံစားလိုက်ရသည်။ သူ့ရဲ့ချီတွေနဲ့ သွေးတွေက ကမောက်ကမဖြစ်နေပြီး သူ့ဒီဂရီမျဉ်းတွေအကုန်လုံး ပြောင်းပြန်လန်နေသည်။  ဒဏ်ရာ အပြင်းအထန် ရသွားခြင်းပင်။ ရှန်ကျစ်ရှန်းရဲ့ နှလုံးသားကတင်းကြပ်သွားသည်။ သူက သူ့ဓားကို စက်ဝိုင်းသဏ္ဍာန် တစ်ဝက်လောက် လှည့်လိုက်ပြီး ရန်ကျင်းနဲ့အတူတူ ပူးပေါင်းကာ ဘီလူးအား နောက်ပြန် ဆုတ်သွားအောင် လုပ်လိုက်သည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now