Chapter(70-2) - Seventy

2.8K 570 8
                                    

Unicode

အခန်း(၇၀-၂) - Seventy

ချန်လျဲက သူ့မေးခွန်းကို မကြားချင်ယောင်ဆောင်နေသည်။

လူငယ်လေးက အလျော့မပေးပဲ ပြင်းထန်သည့် အနီရောင် ကြာပွတ်အား ထိရန် လက်လှမ်းလိုက်၏။

"ဒီကြာပွတ်က အရမ်းလှ....."

သူ့လက်ကို အပြည့်အဝ မဆန့်ထုတ်ရသေးခင်မှာပင် ချန်လျဲက ကြာပွတ်အား သူ့လက်ကောက်ဝတ်မှာ ပြန်ပတ်ထားလိုက်သည်။ သူကလူငယ်လေးအား ပြန်လှည့်ကြည့်လိုက်ကာ သူ့အမူအယာက ရေခဲဓားချွန်လို ဖြစ်နေတာကြောင့် လူငယ်လေးရဲ့ လက်အားနေရာမှာတင် အေးခဲသွားစေ၏။

လူငယ်လေးက သူ့ကိုကြည့်ရင်းဖြင့် လက်ကိုပြန်ရုတ်လိုက်သည်။

ဒါက ဒီအတိုင်း ကြာပွတ်လေး တစ်ချောင်းပဲကို။ ဒီလိုရတနာမျိုးက.....သူ့မှာလည်း တစ်ခု ရှိပါတယ်နော်!

ဟိုး ရှေးပဝေသနီတုန်းကလည်း သူ့မှာ အဲ့ဒီလို ကြာပွတ်မျိုး ရှိခဲ့ပြီး သရဲတစ္ဆေတွေကို မညှာမတာ သတ်ပစ်လေ့ ရှိပါတယ်နော်!

လေသည် တိုးညှင်းသော ညည်းတွားသံတစ်ခုကို လွှမ်းခြုံထားခဲ့သည်။ သူတို့နှစ်ယောက်လုံး ပတ်ပတ်လည်ကို လှည်ပတ်ရှာလိုက်သောအခါ ဖြူဖွေးနေတဲ့ ဖြူကောင်သေးသေးလေးတစ်ကောင်က ကျောက်တုံးကြီးနောက်မှာ လုံးလုံးလေး ကွေးနေပြီ တစ်စွန်းတစ်စလေး ပေါ်နေကာ တုန်လှုပ်နေတာကို တွေ့လိုက်ရလေသည်။

၎င်းက သာမာန် မိစ္ဆာပေါက်လေး တစ်ကောင်မျှသာ

ဤသဲကန္တာရသည် အလွန်ထူးဆန်းပြီး နတ်ဆိုးမိစ္ဆာများလည်းရှိသည်။ ဖြူကောင်မိစ္ဆာများ ဤနေရာတွင် ပေါ်လာသည်မှာ အံ့သြစရာမဟုတ်ပေ။ သို့သော်လည်း အထီးကျန်နေသော သတ္တဝါလေးကို ကြည့်ရတာတော့ ၎င်း၏မိဘများသည် အခြားနတ်ဆိုးကြီးအချို့၏ မျိုချခြင်းကို ခံခဲ့ရတာကြောင့် သူတစ်ကောင်တည်း ဒီနေရာမှာ အထီးကျန်ပြီး ကူကယ်ရာမဲ့နေခြင်း ဖြစ်နိုင်ဖွယ်ရှိသည်။

လူငယ်လေးရဲ့ မျက်လုံးထဲတွင် သနားကြင်နာခြင်း တစ်ချို့ ပေါ်လာ၏။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now