Chapter(7) - Hidden Edge

8.5K 1.5K 4
                                    

Unicode

အခန္း(၇) - Hidden Edge

လေထုကအနည်းငယ်အဆင်မပြေဖြစ်လာသည်။

ထိုအချိန်မှာရန်ကျင်းကတော့သူ့ရဲ့သတိထားနေမှုနဲ့ဒေါသထွက်နေတဲ့အမူအယာကိုဆက်ပြီးမဖိနှိပ်နိုင်တော့ပေ။

ထိုပုံစံကိုကြည့်ပြီးရှန်ကျစ်ရှန်းမှာသူ့ကိုယ်သူလူရေခြုံထားတဲ့သားရဲတစ်ကောင်ကမိန်းကလေးတစ်ယောက်ကိုမဖော်ပြနိုင်တဲ့အရာတစ်ခုခုလုပ်ဖို့အတင်းအကျပ်ဖိအားပေးနေသယောင်တောင်ခံစားလာရသည်။

ရင်ထဲကပူးကောင်လေးကခေါင်းထဲဝင်လာပြီးသံစုံတီးဝိုင်းတစ်ခုလုပ်နေသလိုပဲ

ရှန်ကျစ်ရှန်းကတောင့်တင်းနေတဲ့အပြုံးကိုဆက်ထိန်းသိမ်းထားရင်းသူကဒီအတိုင်းစိတ်ရင်းမှန်ပြီးထောက်ထားစာနာတတ်တဲ့ဆရာတစ်ယောက်သာဖြစ်ကြောင်းကိုပြသနေသည်။

ဒါပေမဲ့လည်းဖြူကောင်လေးရန်ကတော့သူ့ရဲ့ကြင်နာမှုကိုငြင်းပယ်ဆဲပဲ

သက်ပြင်းချမိသည်။

သူတို့တွေတစ်ဖက်နဲ့တစ်ဖက်လျော့ပေးလိုက်ကြပြီးရန်ကျင်းရဲ့အင်္ကျီကအပေါ်ပိုင်းလေးအနည်းငယ်လျော့ကျနေသည်။တကယ်တော့သူ့အင်္ကျီအပေါ်ပိုင်းကအတော်လေးစုတ်နေပြီဖြစ်ပြီးအသားအနည်းငယ်ပေါ်နေတာကြောင့်ဒဏ်ရာအသစ်တွေရောအဟောင်းတွေကိုရောပါခပ်ဖျော့ဖျော့မြင်နေရသည်။အဲ့ဒါကသွေးတွေစွန်းနေပြီးထိုမြင်ကွင်းကရှန်ကျစ်ရှန်းအားအနည်းငယ်ထိတ်လန့်သွားစေသည်။

သူကပြဿနာဆက်မရှာတော့ပဲနောက်သို့ခြေနှစ်လှမ်းလောက်ဆုတ်ပြိးနောက်ပြောလိုက်သည်။

"ခဏနေရင်ငါစတုတ္ထအကြီးအကဲရဲ့တပည့်တစ်ယောက်လွှတ်ပြီးမင်းကိုကြည့်ခိုင်းလိုက်မယ်"

စတုတ္ထအကြီးအကဲကအတွင်းရေးပြဿနာများကိုကိုင်တွယ်ပေမယ့်သူကဆေးသန့်စင်တဲ့နေရာမှာလည်းအထူးပြုထားသည်။သူ့တပည့်တော်တော်များများကဘယ်လိုကုသရမလဲသိကြပြီးတစ်ခါတစ်ရံဂိုဏ်းထဲမှာဆေးကုသခြင်းမျိုးကိုလည်းပြုလုပ်ပေးတတ်ကြသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now