Chapter(75) - မျက်ရည်နတ်ဆိုး

2.9K 492 10
                                    

Unicode

အခန်း(၇၅) - မျက်ရည်နတ်ဆိုး

ရန်ကျင်းက ဘာမှမပြောပေ။ နောက်ဆုံး ရှန်ကျစ်ရှန်းက သူ့လက်အား လွှတ်လိုက်မှသာ မျက်လွှာချ၍ မျက်လုံးအတွင်းပိုင်းမှ အနက်ရှိုင်းဆုံးနေရာမှ မပျော်ရွှင်မှု သဲလွန်စများကို ဖုန်းကွယ်လိုက်သည်။

သူ့မျက်လုံးထဲမှာ အနီရောင်တစ်လွှာ ဖြတ်ခနဲ ပေါ်သွားသော်လည်း လျင်မြန်စွာပင် ဖိနှိပ်လိုက်၏။

ရှန်ကျစ်ရှန်းက ရန်ကျင်းရဲ့ လက်ကို လွှတ်ပြီးသောအခါ ခေါင်းစဉ်ပြောင်းလိုက်သည်။ သူက ရွှယ်ချီထံသို့ လျှောက်သွားကာ မေးလိုက်လေသည်။

"ခင်ဗျားတို့ အခုမှ ဝင်လာတာလား?"

ရွှယ်ချီနဲ့ လျှန်ချင်းတို့က တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ပြီး ခေါင်းခါပြသည်။

ရွှယ်ချီက ပြန်ဖြေလာသည်။

"ဒီထဲရောက်နေတာ ခဏလောက်တော့ ကြာသွားပြီ။ ငါဝင်လာတုန်းက မှောင်နေသေးတယ် ဒါပေမဲ့ နောက်ပိုင်း နံရံမှာ ညလင်းပုလဲတွေ မြှုပ်ထားတဲ့ အရမ်းကျဉ်းတဲ့ လမ်းကြောင်း တစ်ခုထဲ ဝင်သွားခဲ့တယ်။ လမ်းကြောင်းအဆုံးမှာ ကျောက်တုံးတံခါး တစ်ခုရှိပြီးတော့...."

ပုံမှန်လူဆိုရင် ကျောက်တုံးတံခါးကို မြင်တာနဲ့ ဖွင့်ချင်မိမှာပင်။ သို့သော်လည်း ရွှယ်ချီက မလုပ်ခဲ့။ ကျောက်တုံးတံခါးအား ထိလိုက်တဲ့အချိန်မှာ တစ်ဖက်ကနေ အားပြင်းပြီး အန္တာရယ် များလှသည့် အသက်ရှုသံကို ခံစားလိုက်ရသည်လေ။ သူက ခဏလောက် တုံ့ဆိုင်းနေခဲ့ပေမယ့်လည်း ဖွင့်ဖို့တော့ မကြိုးစားခဲ့ဘူး။ နောက်ဆုံးမှာ ခေါင်းငိုက်စိုက် ချရင်းနဲ့သာ နောက်ကို နည်းနည်းခြင်းဆီ ပြန်ဆုတ်လာခဲ့လိုက်တာ

သူနောက်ပြန် ဆုတ်လာတဲ့အချိန်မှာ ဘယ်ကနေ ပေါ်လာမှန်း မသိတဲ့ မြေပြင်ပေါ်က ညလင်းပုလဲတွေကို နင်းမိပြီး ခြေချောသွားမိတယ်

ရွှယ်ချီက အလျင်အမြန် တုံ့ပြန်လိုက်ပြီး ကျောက်တုံးနံရံကို သုံးလို့ သူ့ကိုယ်သူ ထောက်ပံ့ပေးလိုက်တာ။ ဒီညလင်းပုလဲတွေက နံရံမှာ ရှိနေရာကနေ ဘယ်လိုဖြစ်လို့ အရမ်းကို တိတ်တဆိတ်နဲ့ ပြုတ်ကျလာရတာလဲလို့ စဉ်းစားနေတဲ့အချိန်မှာပဲ မျက်လုံးပင့်ကြည့်လိုက်တော့ ကြောက်မက်ဖွယ် သတ္တဝါကြီး တစ်ကောင်ကို မြင်လိုက်ရသည်လေ။ ခန္တာကိယ်ရဲ့ တစ်ဝက်က ကျောက်တုံးတံခါးမှာ မြုပ်နေပြီး သူ့ကို ဆာလောင်မွတ်သိပ်စွာနဲ့ ကြည့်နေခဲ့တာ။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now