Chapter(68-1) - ရှာဖွေခြင်း

3.3K 595 6
                                    

Unicode

အခန်း(၆၈-) - ရှာဖွေခြင်း

ရန်ကျင်းက အတော်လေးကို စိတ်ဓာတ်ခိုင်မာသူဖြစ်သည်။

သူကလေးဘဝတုန်းက ဘယ်လောက်ပဲ နည်းမျိုးစုံနဲ့ အနိုင်ကျင့်ခံရပါစေ, ဘယ်လောက်ပဲ အထီးကျန်နေပါစေ ဒါမှမဟုတ် နိုးလာတဲ့အချိန်မှာ မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေနဲ့ မျက်နှာခြင်းဆိုင်နေရတာတွေကို မြင်ပြီး ဘယ်လောက်ပဲ ကြောက်ရွံ့နေပါစေ တစ်ခါလေးတောင် မပြိုလဲခဲ့ပေ။

သို့သော်လည်း စုန့်မင်းက သူ့ခြေရင်းက သွေးကန်ထဲမှာ လဲလျောင်းနေပြီး သူ့ကို အမှန်တရားများ ပြောခဲ့တဲ့ အချိန်မှသာ ပြိုလဲကျခဲ့ရသည်။

ထိုအချိန်မှာ ချင်းယွင်ဂိုဏ်းက စုန့်မင်းကြောင့် အခွံလွတ် တစ်ခုအဖြစ် ခွဲထုတ်ခံထားရပြီးနေပြီ ဖြစ်ပြီး ရန်ကျင်းသည် ဂိုဏ်းတစ်ခုလုံးအား အားထုတ်မှုပင် မရှိပဲ ဖျတ်ဆီးနိုင်ခဲ့သည်။ နောက်ဆုံးတော့ သူ့ခြေရင်းမှာ ရန်းကန်ရင်းနဲ့ သေဆုံးရတဲ့ နောက်ဆုံးသူက စုန့်မင်းပင်။

စုန့်မင်းသည် ရန်ကျင်းဆီက သတ်ဖြတ်ချင်စိတ်ကို ခံစားရတာကြောင့် မနေနိုင်စွာပင် တုန်လှုပ်ချောက်ချားလာမိသည်။ သူ့ဒဏ်ရာမှလည်း သွေးများ စီးကျနေ၏။ ကယ်ရာမဲ့ခြင်းနှင့် မလွတ်မြောက်နိုင်ခြင်းတို့ကြောင့် သူ့ပုံစံက သနားစရာလည်း ကောင်းသလို ရယ်စရာကောင်းသည့်ပုံလည်း ပေါက်နေလေသည်။ ထို့ကြောင့် ရန်ကျင်းရှေ့မှာ သူရဲဘောကြောင်စွာဖြင့် ပျော့ခွေ၍သာ ရှိနေနိုင်တော့သည်။

သို့ပေမယ့် သူက ညှိနှိုင်းမှုတော့ မလုပ်ခဲ့။

သူက ရန်ကျင်းကို ကြည့်နေသည်။ ကြောက်ရွံမှု၊ နာကျင်မှု၊ မုန်းတီးမှုနဲ့ မလိုလားခြင်းတို့က သူ့စိတ်ထဲမှာ ရောထွေးနေခဲ့ကာ သူ့အမူအယာက အလွန်အမင်း ဆိုးသွမ်းသည့်ပုံ ပေါက်နေသည်။ သူက ထူးဆန်းစွာ ပြုံးလိုက်ပေမယ့် ထိုအပြုံးထဲတွင် ကဲ့ရဲ့လှောင်ပြောင်မှု အရိပ်အမြွက်များ ပေါ်လွင်နေလေသည်။

သူက သွေးချောင်းများ ဆိုးလိုက်ပြီး ထိုသွေးများက မြေပြင်ပေါ်သို့ ဖြန်းပက်သွားရင်းဖြင့် အက်ရှရှ ပြောလာသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now