Chapter(78-2) - ဓားကိုချိုးသည်

2.8K 505 15
                                    

အခန်း(၇၈-၂) - ဓားကိုချိုးသည်

Unicode

တစ္စေလက်က အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တာကြောင့် သူ့ရဲ့ ထွင်းထုသည့် ဓားက ပြင်းထန်သော နာကြည်းမှုများနှင့် ပြည့်နှက်နေသည်။ ဖိနှိပ်ထားမယ့် သခင် မရှိတာကြောင့် ၎င်း၏ နာကြည်းမှုသည် မိစ္ဆာအား ထိန်းချုပ်မရတဲ့ စိတ်လှုပ်ရှားမှုအဖြစ် ပြောင်းလဲသွားစေတာပင်။ အနက်ရောင်ချီများက ဓားသွား၏ နက်မှောင်နေသော အနှစ်သာရနှင့် ရောနှောကာ ရှန်ကျစ်ရှန်အား ထိုအနက်ရောင် အငွေ့များက ဓားသွားဆီကလည်း မိစ္ဆာဆီကလားဆိုတာကို ဆုံးဖြတ်ရ ခက်ခဲစေသည်။

ရှန်ကျစ်ရှန်းနဲ့ ရန်ကျင်းတို့က အတော်လေးကို နီးကပ်စွာ ရပ်နေကြခြင်းပင်။ ဓားမြှောင်က ခုတ်ချလိုက်သောအခါ သူတို့နှစ်ယောက်ကို ခွဲထွက်သွားစေသည်။ ခန္တာကိုယ် ဗီဇက အတွေးထက်ပင် မြန်သေးသည် ; သူတို့က တစ်ပြိုင်နက်တည်းပင် ဓားများကို ဆွဲထုတ်လိုက်ကြ၏

မိစ္ဆာက ဓားအား အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။ ဓားကို တွေ့ထားတာလည်း သိပ်မကြောသးသလို ဓား၏ နာကြည်းမှုကလည်း အတော်လေး ပြင်းထန်နေသည်။ ဓားက အလွန်ကြီးမားလှသည့် ခွန်အားဖြင့် ခုတ်ပိုင်းချလိုက်ခြင်းပင်။ ရှန်ကျစ်ရှန်းနဲ့ ရန်ကျင်းတို့က ထိုအားနှင့် အတင်းအကြပ် တွေ့ဆုံဖို့ မကြိုးစားပေ။ ယင်းအစား နှစ်ယောက်သား ခွဲထွက်လိုက်ကြပြီး ၎င်း၏လမ်းကြောင်းမှ ဖယ်ခွာသွားလိုက်ကြသည်။

ဓားက မြေကြီးကို ခုတ်ဖြတ်မိခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့ကာ မြေဆီလွှာတွင် နက်ရှိုင်းသော အက်ကွဲကြောင်းကြီး ချန်ရစ်ခဲ့သည်။ အက်ကွဲရာတစ်ဝိုက်ရှိ မြေပြင်သည် မီးလောင်ကျွမ်းနေသကဲ့သို့ မည်းနက်နေလေသည်။

အနက်ရောင် ချီကြိုးတစ်ချောင်းက အက်ကွဲကြောင်းထဲကနေ တိတ်တဆိတ် ထွက်လာပြီး ရှန်ကျစ်ရှန်းထံသို့ ဦးတည်သွားသည်

၎င်းက ရှန်ကျစ်ရှန်းရဲ့ မမြင်ကွယ်ရာကနေ ထွက်လာခြင်း ဖြစ်တာကြောင့် ရှန်ကျစ်ရှန်းက မမြင်လိုက်ပေ။ သို့သော်လည်း ရန်ကျင်းက မြင်လိုက်တာကြောင့် သူ့ဓားဖြင့် ကြားဝင်တားဆီးလိုက်သည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now