Chapter(33) - လျိုဝှက်နယ်မြေ

6.2K 1.2K 59
                                    

Unicode

အခန်း(၃၃) - လျိုဝှက်နယ်မြေ

တစ်ဖက်လူက ဒီအခြေအနေကို အရမ်းကို သာမာန်ဖြစ်ရိုးဖြစ်စဉ်လိုမျိုး တည်တည်ငြိမ်ငြိမ်နဲ့ အသက်ရှုနေသည်လေ။ တစ်ဖက်လူက အရမ်းကိုတည်ငြိမ်နေပေမယ့် ဖိတ်ကြားမှု လုပ်လိုက်တဲ့သူကတော့ အံ့အားသင့်ပြီး မလှုပ်မယှက် ဖြစ်သွားရရှာသည်။

အိပ်ယာက အလွန်ကျယ်ဝန်းသည်။ ဘေးချင်းယှဉ်အိပ်နေတာတောင် သူတို့နှစ်ယောက်ကြားမှာ ခြေတစ်ဝက်လောက် ကျန်နေသေးသည်။ ရှန်ကျစ်ရှန်းက အချိန်အတော်လေး ကြာသည်အထိ တောင့်တင်းစွာ လှဲနေမိပြီးမှ သတိပြန်ဝင်လာကာ သူ့ကိုယ်ပေါ်စောင်ခြုံလိုက်သည်။

လှဲချပြီးကတည်းက စကားလည်းမပြော လှုပ်လည်း မလှုပ်ရှားတဲ့ တစ်ဖက်လူက နောက်ဆုံးတော့ တုန့်ပြန်လာ၏။ သူက စောင်အား သူ့ဝမ်းဗိုက်အောက်ပိုင်းထိ ဆွဲခြုံလိုက်ပြီး ခေါင်းအနည်းငယ် စောင်းကာ အသံတိုးတိုးနှင့် ပြောလိုက်၏။

"ဆွေ့ရှန်း, ကောင်းသောညပါ"

"ကောင်းသောညပါ" ရှန်ကျစ်ရှန်းက သတိလက်လွတ်ဖြင့် တုန့်ပြန်သည်။ တစ်ဖက်လူက မျက်လုံးများ မှိတ်သွားတာကို ငေးကြည့်ရင်း ရှန်ကျစ်ရှန်းက သူ့ကိုယ်သူ တည်ငြိမ်စေရန် ကြိုးစားလိုက်ကာ သူ့ရဲ့ အိပ်စက်တဲ့ အနေအထားကို ဖြောင့်မတ်စေလိုက်ပြီး မျက်လုံးများ မှိတ်လိုက်သည်။

သို့ပေမယ့် အိပ်ချင်ပြေသွားပြီ ဖြစ်တာကြောင့် မျက်လုံးများ မှိတ်ထားတာတောင် အိပ်မပျော်နိုင်သေးပေ။

အမှောင်ထဲမှာ အမြင်အာရုံမရှိတာကြောင့် တစ်ခြားအာရုံများက မရေမတွက်နိုင်အောင် တိုးတက်လာသည်။ ရှန်ကျစ်ရှန်းသည် ရန်ကျင်းဆီက ထက်လာတဲ့ အပူချိန်ကို ရှင်းရှင်းလင်းလင်း ခံစားရနိုင်တာကြောင့် သူ့ခန္တာကိုယ်က အေးစိမ့်မှုကို သိသာစွာ သတိပြုမိသွားသည်။ မထိန်းချုပ်နိုင်စွာဖြင့်ပင် တစ်လက်မလောက်စာ အနားတိုးကပ်သွားမိလေသည်။

အကုန်ဆုံးအဆင်ပြေတယ်, စိတ်လျော့ထား, အိပ်တော့...ဘယ်လိုပဲဖြစ်ဖြစ် ဒါက ရန်ကျင်းပဲလေ, ရက်ပေါင်းများစွာ ကောင်းကောင်း အနားမယူခဲ့ရတော့ အနားယူချင်တာက လုံးဝကို ပုံမှန်ပဲ

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now