Chapter(27 - 2) - အတူတကွခရီးသွားခြင်း

6.9K 1.3K 118
                                    

Unicode

Chapter(27 - 2) - အတူတကွခရီးသွားခြင်း

ရှန်ကျစ်ရှန်းကအကြောင်းပြချက်ပေးပြီးထွက်သွားချင်သည်။သူကဘေးခန်းမှာငှားပြီးသားဖြစ်တာကြောင့်အနားသွားယူချင်ပါတယ်ဆိုပြီးဆင်ခြေပေးပေမယ့်လည်းရက်ရက်စက်စက်အငြင်းခံလိုက်ရ၏။

ခါးမှာဓားချိတ်ထားတဲ့လူငယ်လေးကနေရာမှာတင်ရပ်နေပြီးသူ့ကိုတိတ်တဆိတ်ကြည့်နေသည်။သူ့မျက်လုံးများကခံစားချက်လှိုင်းဂယက်လုံးဝမရှိပဲနက်ရှိုင်းလှတဲ့ကန်တစ်ခုလိုနက်မှောင်နေလေသည်။

သူက'မြင်မြင်ချင်းရင်းနှီးသွားပါတယ်'ဆိုတဲ့စကားကိုသာပါးနပ်စွာဆိုပြီးရှန်ကျစ်ရှန်းအားတစ်ညလုံးစကားပြောရန်အတွက်ဟုပြောကာအခိုင်အမာပင်ဆက်နေခိုင်းသည်။

ရှန်ကျစ်ရှန်း: "........."

တောင့်ခံထား,တောင့်ခံထား,
တောင့်ခံထား,တောင့်ခံထား!

စကားပြောမယ်,စကားပြောမယ်,
စကားပြောမယ်,စကားပြောမယ်!

သူမလွတ်မြောက်နိုင်တော့ဘူးဆိုတာကိုနားလည်သွားရတဲ့အချိန်မှာရှန်ကျစ်ရှန်းရဲ့ပြုံးနေတဲ့အမူအယာလည်းပျောက်ကွယ်သွားရသည်။သူကရုန်းကန်နေခြင်းအားရပ်တန့်လိုက်ပြီးလူများအားရေပူလာပို့ခိုင်းလိုက်ကာအိပ်ယာပေါ်ဒေါသတကြီးထိုင်ချလိုက်သည်။

"ငါရေချိုးတော့မယ်,မင်းကိုခဏလောက်ထွက်သွားပေးဖို့အတွက်ဒုက္ခပေးရတော့မှာပဲ"

ရန်ကျင်းကတွန့်ဆုတ်နေဆဲပင်။ရှန်ကျစ်ရှန်းကသူ့ကိုအကြည့်တစ်ချက်သာပေးလိုက်သည်။ထို့နောက်သူ့ရဲ့အပြင်ဘက်ဝတ်ရုံအားဖြေးညှင်းစွာလျောချလိုက်ပြီးကြမ်းပြင်ပေါ်ပစ်ချလိုက်သည်။ပြီးနောက်သူ့ဖိနပ်နဲ့ခြေအိတ်ကိုဆက်ချွတ်ကာသူ့ရဲ့ခြေထောက်များကိုဖော်ပြလာ၏။

ရန်ကျင်းရဲ့မျက်လုံးများကသတိလက်လွတ်ဖြင့်အောက်ငုံ့ကြည့်မိသည်။

ရှန်ကျစ်ရှန်းရဲ့ခြေထောက်များကပုံမှန်အားဖြင့်နေမထိဖြစ်တာကြောင့်ကြွေသားလိုဖြူဖွေးနေသည်၊အသားအရည်ကအလွန်ပါးလွှာပြီးအတွင်းမှသွေးကြောမျှင်လေးများကိုပင်မြင်နေရသည်။သူ့ခြေချောင်းထိပ်လေးတွေကတော့နက်ရှိုင်းတဲ့ပင်လယ်ပြင်ထဲကပုလဲလုံးလေးများလိုတောက်ပပြီးတော်ဝင်လှသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now