Chapter(35-1) - အမှန်တရားနဲ့ ထင်ယောင်မှားမှု

5.4K 1.1K 9
                                    

Unicode

အခန်း(၃၅ - ၁) - အမှန်တရားနဲ့ ထင်ယောင်မှားမှု

ရန်ကျင်းလှည့်ကြည့်လာတဲ့ ထိုခဏမှာ ရှန်ကျစ်ရှန်းရဲ့ နှလုံးသားက တင်းကြပ်သွားပြီး သူ့ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွားသည်။

သွယ်လျတဲ့ လူငယ်လေးက လက်ထဲမှာ ဓားကို ဆုပ်ကိုင်ထားပြီး ဂရုမစိုက်ဟန် လှည့်ကြည့်လာသည်။ ရှန်ကျစ်ရှန်းကို မြင်တဲ့အခါမှာတော့ သူ့အမူအယာက အနည်းငယ် ပြေလျော့သွားရင်းဖြင့် ပြောလာ၏။

"ဆရာ"

ထို 'ဆရာ' ဟုပြောတဲ့အသံက အလွန်သဘာဝကျလှပြီး အတိတ်နဲ့ ခြားနားမှု လုံးဝမရှိပေ။ ရှန်ကျစ်ရှန်းက စိတ်ချလက်ချ ဖြစ်သွားရကာ သူ့ဆီသို့ ခြေဦးတည်လိုက်ပြီးနောက် ဖြည်းညှင်းစွာ လျှောက်သွားလိုက်တော့၏။

"မင်းလည်း လျို့ဝှက်နယ်မြေထဲ ဝင်လာပြီပဲ...."

သူက သူ့မျက်နှာပေါ်မှာ ဘာအမူအယာမှ မရှိပဲ ရန်ကျင်းအား အနီးကပ် စိုက်ကြည့်လိုက်သည်။ သို့သော်လည်း ရန်ကျင်းကတော့ အရင်အတိုင်း အတူတူပဲ ဖြစ်နေသည်။ သူ့မျက်လုံးတွေက သွေးနီရောင်တောက်နေတာကလွဲရင် ဘာမှခြားနားမှုမရှိဘူး။

ရှန်ကျစ်ရှန်းအနား ရောက်လာတာကို မြင်တော့ ရန်ကျင်းကသူ့ဓားအား ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။ ကြည်လင်ပြီး နီရဲနေတဲ့ မျက်လုံးတစ်စုံက သူ့ဆီကိုရွှေ့လာပြီး နူးညံ့စွာမေးလာ၏။

"ဆရာ ဒဏ်ရာရထားသေးလား?"

"ဟင့်အင်း"

ရှန်ကျစ်ရှန်းရဲ့အကြည့်က ရန်ကျင်းရဲ့ သွေးတွေရွှဲနေသည့် လက်ပေါ်ကိုရောက်သွားပြီး ရပ်တန့်သွားရသည်။

"မင်းလက်ကဘာဖြစ်တာလဲ?"

သူက ရန်ကျင်းရဲ့ လက်ကောက်ဝတ်အား အလွန်သဘာဝကျစွာဖြင့် ဆွဲယူလိုက်ပြီး သူ့လက်ဖဝါးပေါ်က ဒဏ်ရာအား ကြည့်လိုက်သည်။ရန်ကျင်းက ခေါင်းကြည်သွားစေရန်အတွက် ဒဏ်ရာကို အတော်လေး နက်နက် ဖြတ်ထားခဲ့တာပင်။ လက်ဖဝါးတစ်ခုလုံးက သွေးများဖြင့် ဖုံးလွှမ်းနေသည်။ ဒီအချိန်မှာတော့ သွေးများက ခဲလုနီးပါး ဖြစ်နေတာကြောင့် ကြည့်ရတာ အတော်လေး သနားစရာကောင်းနေသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now