Chapter(79) - နှစ်တိုင်း နှစ်တိုင်း

4.8K 578 9
                                    

Unicode

အခန်း(၇၉) - နှစ်တိုင်း နှစ်တိုင်း

စွန့်ပစ်မြေကို ရှန်ကျစ်ရှန်းရောက်တဲ့ အရေအတွက်က တော်တော်လေး နည်းပါးသည်။

အစတုန်းကတော့ ရန်ကျင်းက သူ့ကို စွန့်ပစ်မြေထဲက နတ်ဆိုးမိစ္ဆာများကြောင့် မလာစေချင်ခဲ့တာပင်။ ထို့ကြောင့် ရန်ကျင်းကသာ ချင်းယွင်ဂိုဏ်းကို အမြဲတမ်း အရင် လာခဲ့သည်။ နောက်ပိုင်းမှာတော့ ရန်ကျင်းက စွန့်ပစ်မြေကို လုံးလုံးလျားလျား သိမ်းပိုက်နိုင်ခဲ့ပြီး ရှန်ကျစ်ရှန်းကို အကြိမ်အနည်းငယ်လောက် လာရောက် လည်ပတ်ခွင့် ပြုခဲ့ပေမယ့် နေထိုင်ဖို့ အချိန်က အလွန်တိုတောင်းခဲ့ပြန်၏။

နောက်ဆုံးတစ်ခေါက် စွန့်ပစ်မြေကို ရှန်ကျစ်ရှန်း ရောက်ခဲ့တာ နှစ်ဝက်လောက် ကြာမြင့်နေခဲ့ပြီဖြစ်သည်။ ထိုအချိန်တုန်းက စွန့်ပစ်မြေအပေါ် သူ့အမြင်က အကန့်အသတ်မဲ့သည့် အမှောင်ထုမြေ ဖြစ်နေဆဲပင်။

သို့ပေမယ့် ဒီတစ်ခေါက် သူ မျက်လုံး ဖွင့်လိုက်တဲ့ အချိန်မှာတော့ အံ့အားသင့်သွားရ၏။

သူ့ကို ခေါ်လာတဲ့သူက ပျောက်သွားပြီ ဖြစ်ပြီး ရှန်ကျစ်ရှန်းက တစ်ယောက်တည်း မတ်တပ်ရပ်နေခဲ့သည်။ သူမျက်လုံး ဖွင့်လိုက်တဲ့အချိန်မှာတော့ အဆုံးမရှိသည့် မရေမတွက်နိုင်သော ကြယ်ပွင့်လေးများက ညကောင်းကင်ယံမှာ တစ်လက်လက် တောက်ပနေလေသည်။ လေပြေက ညှင်းညှင်းလေး တိုက်ခတ်နေပြီး သာယာလှပသော ကြယ်စင်တန်း မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။

ရှန်ကျစ်ရှန်းက ဗလာဖြစ်စွာဖြင့် ခဏလောက်ငေးစိုက်ကြည့်နေပြီးမှ သူ့နှုတ်ခမ်းများက နူးညံ့တဲ့အပြုံးတစ်ခုအဖြစ် ကော့ညွှတ်တက်လာရသည်။

လေပြေက တစ်စုံတစ်ခုအား သူ့ပါးပြင်ထံ ပွတ်တိုက်သွားစေသည်။ ရှန်ကျစ်ရှန်းက လက်မြှောက်ကာ ထိုအရာကို ဆွဲဖယ်လိုက်သည်။ နူးညံ့ကာ မွှေးကြိုင်လှတဲ့ ပွင့်ဖတ်လေး တစ်ခုက သူ့လက်ချောင်းများကြားထဲသို့ ရောက်လာခဲ့သည်။ တစ်ဖက်သို့ အကြည့်ရွှေ့လိုက်သည့် အခါမှာတော့ မြင့်မားလှသည့် မက်မွန်ပင်ကြီး တစ်ပင်အား မြင်လိုက်ရ၏။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now