Chapter(76-1) - Seventy-Six

2.7K 485 9
                                    

Unicode

အခန်း(၇၆-၁) - ခုနှစ်ဆယ့်ခြောက်

"ကျွန်တော်, ကျွန်တော်..." သွမ့်ယွမ်က စကားထစ်နေသော်လည်း အကြာကြီး စကားထစ်ပြီးသည့်တိုင် ဘာမျှ ထွက်မလာပေ။

'အကယ်၍ စီနီယာအစ်ကိုကြီးတောင် လာသေးရင် ကျွန်တော်ကရော ဘာလို့ မလာနိုင်ရမှာလဲ?' လို့ သူတကယ်ပဲ မေးလိုက်ချင်တယ်။ ဒါပေမဲ့လည်း လျှန်ချင်းရဲ့ မျက်လုံးများနဲ့ ဆုံပြီးနောက်မှာတော့ သွမ့်ယွမ်က ထိတ်လန့်သွားတော့သည်လေ။

"ကျွန်တော် ဒီအတိုင်း ကြုံသလို လျှောက်သွားရင်းနဲ့, မဟုတ်ဘူး, သေသေချာချာ ဝင်လာခဲ့တာပါ..."

လျှန်ချင်းက သူ့ကို ကုချင်းနဲ့ ရိုက်ချင်နေပုံပေါ်သည်။ သို့သော်လည်း အဆုံးမှာတော့ ပြန်ထိန်းချုပ် ထားလိုက်သည်သာ။ သူ့ရဲ့ ပုံမှန် အေးဆေးတည်ငြိမ်သော အသံက ဒေါသများ ပြည့်နှက်နေရင်း ပြောလာသည်။

"မင်းရဲ့ အရည်အချင်းတွေကို ချိန်ဆပြီး လိုက်လျောညီထွေဖြစ်အောင်နေပါလို့ ငါဘယ်နှစ်ခါပြောပြီးပြီလဲ၊ အလျင်စလိုနဲ့ ဘာကိုမှ မစွန့်စားပါနဲ့လို့....."

လျှန်ချင်းသည် အကယ်၍ သူတို့သာ ဒီနေ့ ဒီကို ရောက်မလာခဲ့ဘူးဆိုရင် ဘာဖြစ်သွားမလဲ ဆိုတာ စဉ်းတောင် မစဉ်းစားနိုင်ပေ။ အကယ်၍ မျက်ရည်နတ်ဆိုးသာ သွမ့်ယွမ်ကို ထောင်ချောက်ဆင်နိုင်ခဲ့ရင် အဆုံးသတ်မှာ သွမ့်ယွမ်ရဲ့ အရိုးတွေ ဒီထဲမှာ လဲလျောင်းနေတာကို ဘယ်သူမှ မသိလိုက်မှာတောင် စိုးမိတယ်!

တစ်ယောက်တည်း အပြင်ထွက်ပြီး အတွေ့အကြုံရဖို့ ခွင့်မပြုခဲ့သင့်ဘူး!

"ကျွန်တော် သိပါတယ် ကျွန်တော် သိတယ်, ကျွန်တော်က အရွယ်ရောက်လာပါပြီ ကိုယ့်ဘာသာ သိပါတယ်" သွမ့်ယွမ်က တိတ်တိတ်လေး ရေရွတ်သည်။

"ဆရာက ကျွန်တော့်ကို ထွက်သွားခွင့်ပေးဖို့အတွက် စိတ်ချတာပဲဟာကို....."

လျှန်ချင်းသည် သူပြောနေတဲ့ ကျန်တစ်ဝက်က သူ့နှလုံးသားထဲက လာမှန်း သိလိုက်သည်။သူက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး တစ်စုံတစ်ခု ပြောချင်နေပုံပေါ်ပေမယ့် တစ်ဖန် ရပ်တန့်သွားပြန်သည်။ ခဏလောက် အကြာမှသာ တိုးတိုးလေး ပြော၏။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now