Chapter(45) - ​ထောင်ဟွား

5.2K 980 35
                                    

Unicode

အခန်း(၄၅) - ထောင်ဟွား

သာယာလှပတဲ့ လှေများက တောက်ပစွာ လင်းလက်နေပြီး reed pipes များရဲ့ တေးသံက ပျံ့လွင့်နေသည်။ လူများက သွားလိုက်လာလိုက် လုပ်နေကာ လှေများတွင် လှုပ်ရှားမှုအမျိုးမျိုးနှင့် ကိုယ်နေဟန်ထား ပေါင်းစုံပြသနေ၏။

ကျယ်ဝန်းပြီး ဇိမ်ကျကျနှင့် သပ်ရပ်လှပစွာ အလှဆင်ထားသည့် အပျော်သင်္ဘောများနှင့် အတူ ကြမ်းတမ်းသည့် ပါးပြင်များနှင့် လှပစွာ မိတ်ကပ်ချယ်သထားသော ရုပ်ပုံလွှာများက ဖောက်သည်များကို သိမ်မွေ့သည့် အသံဖြင့် လှမ်းခေါ်နေကြသည်။ လေပြေက ထိုသူတို့ရဲ့ ပန်းပွင့်များ လိပ်ပြာလေးများဖြင့် အလှဆင် ထိုးထားသော ဂါဝန်များအား တစ်ဝေ့ဝေ့ဖြစ်အောင် တိုက်ခတ်နေပြီး နှလုံးခုန်သံများ တိုးလာစေနိုင်၏။

"ဒီမှာခဏရပ်နားကြတာပေါ့"

ရှန်ကျစ်ရှန်း၏ သဘောထားက ဂရုစိုက်မှု ကင်းမဲ့၍ ပျင်းရိနေပြီး အပျော်သဘောၤ တစ်စင်းဆီ ဦးတည်ရင်း ခြေတစ်လှမ်း ဆန့်လိုက်သည်။ သူက ခေါက်ယပ်တောင်အား ဆွဲထုတ်၍ ဖွင့်လိုက်ပြီး ပျင်းရိလေးတွဲစွာဖြင့်ပင် သူ့မျက်နှာအား ခပ်နေလေသည်။ တင့်တယ်ကြော့ရှင်းလှတဲ့ သခင်လေးတစ်ယောက်အနေနဲ့ ရာသီဥတုက ဘယ်လောက်ပဲ ပူနေပါစေ ဒါမှမဟုတ် ခါးသက်လောက်အောင် အေးနေပါစေ သူ့လက်ထဲမှာ ခေါက်ယပ်တောင် တစ်ချောင်းရှိသင့်သည်။ ဒါက သူ့ရဲ့ တင့်တယ်ပြီး ကျက်သရေရှိတယ် ဆိုတဲ့ပုံရိပ်နဲ့ ထူးခြားချက်တွေကို ပုံသဏ္ဍာန်ဖော်ပေးဖို့အတွက် မရှိမဖြစ်ပဲ။

ရန်ကျင်းက နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး စကားတစ်ခွန်းမဆိုပဲ သူ့နောက်က လိုက်ပါနေကာ သူ့အကြည့်ကတော့ ရှန်ကျစ်ရှန်း တစ်ယောက်ထည်းဆီမှာသာ ရှိနေ၍ တစ်ခြားသူထံ မရောက်သွားပေ။

"လာဦး.....ဒီသခင်လေးအတွက် သီးသန့်ခန်းပြင်ပေး, ပြီးရင် အဆိုအကနဲ့ ဝိုင်ငှဲ့ဖို့အတွက်ပါ အလှလေးတစ်ချို့ ပြင်ပေးဦး"

မူလ ရှန်ကျစ်ရှန်း ငယ်ရွယ်စဉ်က လေ့ကျင့်ဖို့ ထွက်လာတဲ့အချိန်မှာ ဒီနေရာကို အခါအခွင့်သင့်၍ ရောက်ခဲ့ဖူးသည်။ ရှန်ကျစ်ရှန်းက မှတ်ဉာဏ်များအတိုင်း လိုက်ပါ၍ ရင်းနှီးကျွမ်းဝင်စွာဖြင့် လမ်းလျှောက်ရင်း သူတို့ကို စောင့်နေသော အစေခံ မိန်းကလေးအား အမိန့်ပေးလိုက်သည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now